Calm Hill My Random Thoughts

Green ဟုရေးသားထားသော စာလုံးများကို ရေတွက်ပါ (ဖြေရှင်း)

ကိုရဲမာန်ပြောမှပဲ ကျွန်တော်လည်း လန့်သွားတယ် ကိုလူပျိုကြီးကလည်း ဘာသဘောနဲ့ လျောက်ရေးရတာလဲတဲ့။ ပြောတာကတော့ လူပျိုကြီး အရည်မရ အဖတ်မရတွေ လုပ်ပြန်ပြီပေါ့။ ပြောမိပြန်ပြီဒီ အရေမရအဖတ်မရ ဆိုတဲ့စကားကို။ မတတ်နိုင်ဘူး အကျင့်ပါနေပြီ သည်းခံကွယ်။ အစမ်းမေးထားပါတယ်ဆို သူများတွေ အမြင်သိမှရေးမလို့ပါ။ သူတို့ကလည်း စိတ်ကြည့်ပဲ။ ဒါကလည်း ပြောရမယ်ဆိုရင် ဘာမှန်းမသိရင် သဲလွန်စ တစ်ခုမှချန်မထားခဲ့ရင် ဘယ်သူမှစိတ်မဝင်စားပါဘူး နောက်ပြီးတော့ ကိုယ်ဆိုလိုတာ နေလွဲသွားတတ်တယ်ဆိုတာ ပြနေပါတယ်။ လာတဲ့လူတွေကတော့ အားနာလို့ ရေးသွားကြပါတယ်။ ကိုစိုးမင်းကတော့ Python လက်စွမ်းပြသွားတယ်။ ကိုသာသာက Algorithm ကိုပြုပြင်သွားတယ်။ ဒါလည်းပြောမယ်ဆိုရင် မရည်ရွယ်ပဲ အမြတ်ထွက်တာပါ။ PM ကတော့ဘယ်လိုလုပ်လိုက်လဲမသိဘူး။

ကျွန်တော်ပြောချင်တာက Visual Perception က Categorization ကိုဘယ်လို အကျိုးသက်ရောက်သလဲဆိုတာပါ။ အမျိုးအစားခွဲတယ်ဆိုတာ ပြောကြမယ်ဆိုရင်လွယ်ပါတယ်။ အခြေခံအကျဆုံးပြဿနာဖြေရှင်းချက်ပါ။ ကလေးတစ်ယောက် အရွယ်စပြီးရောက်လာတာနဲ့ဘာကို စပြီးသင်ယူရသလဲဆိုတော့ အမျိုးအစားခွဲတာပါ။ စကားမပြောတတ်ခင်က အမျိုးအစားစပြီး ခွဲဖို့ကြိုးစားပါတယ်။ ဥပမာပြောရရင် သက်ရှိလား သက်မဲ့လား ကလေးတွေသိတယ်။ သက်ရှိထဲမှာမှ လူရယ် တစ်ခြားအိမ်မွေး သက်ရှိရယ်ကို မတူမှန်းသူတို့သိတယ်။ လူထဲမှာက မိဘတွေ မိသားစုဝင်တွေကို ခွဲခြားတတ်တယ်။ ခွဲခြားတတ်လို့ တစိမ်းတွေက ကလေးကိုချီလည်း ကလေးက တစ်ခါတစ်လေ လိုက်ချင်မှလိုက်တာပေါ့။ နောက်ပြီး မိခင်ကိုပိုသိပါတယ် ကလေးတော်တော်များ စကားစပြောတာက ဗမာဆိုရင်တော့ “မေမေ” ပေါ့။ ပီချင်မှတော့ပီမယ်ပေါ့နော် လူမျိုးကွဲရင် ခေါ်တာလည်းကွဲပေမပေါ့။

ဒါမျိုးအမျိုးအစားခွဲတဲ့အတွက် ဘာတွေအကျိုးရှိမလဲဆိုတော့။ (ကျွန်တော့် အာဘော်ပါသွားမှာစိုးလို့ ဘာသာမပြန်တော့ပါ)

(1) it makes complexity manageable;
(2) it speeds up recognition;
(3) it reduces effort and learning;
(4) it makes the most of past experience;
(5) it enables the inferences about further attributes (going beyond what is ‘given’);
(6) it makes events predictable;
(7) it supports systematization;
(8) it bonds social behaviour (providing shared frameworks);
(9) it tailors the world to our purposes;
(10) it makes the world seem more meaningful.

(reference: http://www.aber.ac.uk/media/Modules/MC10220/visper03.html)

ဒီနေရာမှာ Text တွေကို အမျိုးအစား ခွဲတဲ့နေရာမှာ အရောင်ဟာတော်တော်လေး အထောက်အကူပြုသလို အနှောက်အယှက်လည်းပေးပါတယ်။ အဓိကအားဖြင့် speeds up recognition ကိုပြဿနာအလုပ်ဆုံးပါ။ ပြောရမယ်ဆိုရင် Text ဆိုတာက အဓိပ္ပာယ်ကိုဖတ်ရတာပါ ဒါပေမယ့် အရောင်တွေကြောင့် ဖတ်ရတဲ့နှုန်းရယ် တစ်ခါတစ်ရံမှာ အရောင်ကြောင့် စာသားအဓိပ္ပာယ်ကို ဝေဝါသွားတာလဲရှိပါတယ်။ စာကတော့ အစိမ်းလို့ရေးထားတယ် ရေးထားတဲ့ အရောင်က အဝါ၊ အပြာ၊ အနီ ဆိုရင် ဖတ်ရတာတော်တော် နှေးပါတယ် အရောင်ရဲ့နှောက်ယှက်မှု့ကလည်း ကြောက်စရာကောင်းလောက်အောင် ဝင်လာပါတယ်။ ဒါကြောင့် အရောင်တွေကို သတိထားတတ်ရင် အကျိုးရှိမယ်လို့ သိသွားရင်ပဲ ဒါလေးရေးရတာ တန်သွားတယ်လို့ ယူဆပါတယ်။ ကျွန်တော့် Page မှာသုံးထားတဲ့ Active Page ကိုစာသား အနီရောင်နဲ့ပြထားတာ ကောင်းမကောင်းလည်း ပြောသွားကြပါဦး။ ကျွန်တော်က Personally အနီရောက်ကို မကြိုက်ဘူး ဒါပေမယ့် ပျင်းလို့သူ့အတိုင်းထား လိုက်တာပါ။