Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၅ )

အခန်း(၃)

ကျောင်းကားမထွက်ခင် ဆရာမတစ်ယောက် ရောက်လာပြီး ကျောင်းသားများကို အမှာစကားပြောကြားသည်။ မင်းသားတို့စုံတွဲ နောက်ဆုံးကားပေါ်တက်သည်။ မင်းသားသူငယ်ချင်း ရှေ့ဆုံးကားပေါ်တက်သည်။

ဆရာမ။ ။ ကလေးတွေ မင်းတို့ တောင်ပြုံးမှာ မဆင်းရဘူးနော် ကားဆရာလည်း ရပ်မပေးရဘူး။ နောက်ပြီးတော့ အထူးမှာချင်တာကတော့ ပိုက်ဆံလုံးဝ မကြဲပါနဲ့။ မင်းတို့ အများဆုံးကြဲနိုင်ရင် တစ်ထောင်တန်ပေါ့ အဲ့ဒီတစ်ထောင်ကြောင့် လာကောက်တဲ့ကလေးတွေ အသက်ဆုံးရှုံးရင် တစ်ထောင်မက တန်တယ်။ ကြဲတဲ့လူငါနဲ့တွေ့မယ်။ ဒါပဲဆရာမ ပြောချင်တယ်။

ကားဆရာ။ ။ လူမရှိတော့ရင် ကားထွက်မယ်ဟေ့ အကုန်ကားပေါ်တက်။ ကလေးတွေရယ် မင်းတို့ ဘွားတော် ပြောသွားတာ ကြားကြတယ်နော် အဘကိုတော့ ပြဿနာ တက်အောင် မလုပ်ကြပါနဲ့ကွယ်။

ကျောင်းကားများ တောင်ပြုံးလမ်းခွဲသို့ရောက်လာသည်။

ကလေးများ။ ။ ပိုက်ချန် ကြဲပါဂျို့ ပိုက်ချန် ကြဲပါဂျို့ ပိုက်ချန် ကြဲပါဂျို့
ကျောင်းသား။ ။ အင်း… ဆရာမကတော့ မကြဲနဲ့ပြောသွားတယ် ဒီတော့ သူ့စကားနားထောင်တဲ့အနေနဲ့ အသာလေး ကြဲခဲ့မယ် အဟိ။
ကလေးများ။ ။ ဟေး… လုကြဟ ကောက်ကြဟ ဒါနာ့ နားချယ်ဒန်နော် နင်တို့မလုဂျနဲ့။
ကားဆရာ။ ။ ဟာ… တိုက်မိကုန်တော့မှာပဲ ကားခဏရပ်မှရမယ် ဟဲ့ အရှေ့က ကလေကဝ အုတ်ကြားမြက်ပေါက် ဓာတ်တိုင်သေးပန်း ကြံဖတ်အီးကုန်း အလှူရှိမှ ထမင်းစား မိုးရွာမှရေချိုး ပလက်ဖောင်းကျောခင်းပြီး အုတ်နီခဲ ခေါင်းအုံးတဲ့ ကလေးတွေ ဖယ်ကြဦး ကားထွက်မယ်။
ကလေးများ။ ။ ဒါဒို့အချိန်ဂျ ခင်ညား မိုက်လို့လား လာသတ္တိရှိရင်ချင်းခဲ့ ချမယ်
ကားဆရာ။ ။ ဟိုက်… ကြောက်နေရပါလားနော် သွားသွား မြန်မြန်ကောက် ကောက်ပြီးရင်ဖယ်။

ကားသမားနှင့် ကလေးများ ရုတ်ရုတ်သဲသဲ ဖြစ်နေစဥ် မင်းသားနှင့်မင်းသမီးစုံတွဲ နောက်ဆုံးကားပေါ်မှ တိတ်တဆိတ်ဆင်းသွားသည်။

ဒီတစ်ခန်းမှာ အမြတ်ထွက်လိုက်တာက လူပျိုကြီးပါ။ ကလေးလူလိုနေလို့ ဝင်ပြီးလုပ်ပေးရတာ ပိုက်ဆံအတုဆိုရင် မကောက်ဘူးလို့ အကြပ်ကိုင်ထားလို့ အစစ်တွေကြဲတာပါ။ မှတ်မှတ်ရရ ၂၅ဝ ကောက်ရလိုက်ပါတယ်။ ပရိတ်သတ်ကလည်း အားပေးတယ် လူပျိုကြီး တစ်ကယ်ကောက်ဟဆိုပြီး သူတို့ပါဝင်ကောက်ကြတာ တောင်ပြုံးပွဲ ကျောင်းထဲရောက်နေသလား မှတ်ရပါတယ်။

အခန်း(၄)

မင်းသားနှင့်မင်းသမီး သစ်ခွခြံသို့ ရောက်လာကြသည်။ ခြံထဲတွင် သစ်ခွပန်းများ လိုက်လံကြည့်ရှု့ကြသည်။

မင်းသမီး။ ။ မောင်ရယ် သစ်ခွပန်းလေးတွေလှလိုက်တာ ဘယ်နှစ်ပွင့် ဝယ်ပေးမှာလဲဟင်။
မင်းသား။ ။ အချစ်သဘော အချစ်သဘော ကိုယ်ကတော့ အိမ်ကပိုက်ဆံပို့လိုက်တာ ၃ ရက်ပဲရှိသေးတယ် ဝယ်ချင်သလောက်သာဝယ်။ ပိုက်ဆံကုန်လည်း စာအုပ်ဝယ်ရမယ်ဆိုပြီး အိမ်ကိုထပ်တောင်းမယ်။
သစ်ခွခြံစောင့်နတ်။ ။ အလို… ဟိုးကသစ်ခွပန်းရွေးနေတဲ့ စုံတွဲက ကောင်မလေးက ငါ့ လူ့ဘဝက ကောင်မလေးနဲ့ ရုပ်ကဆင်လှချည်လား။ တောင်ပြုံးညီနောင် ရှေဥကျားချီတာ အားကျလို့ ငါလည်း ကျားချီဦးမှပဲ။ ခက်တာက ငါ့မှာက စီးစရာက ကွဲပဲရှိတယ် ကွဲတင်ပြေးရင် ကောင်းမယ်ထင်တယ်။ ဟိတ်… ဟိုနှစ်ယောက်နေဦး။
မင်းသား။ ။ ဟာ… ဘာကြီးလဲဟ ဖားတစ်ပိုင်း ငါးတစ်ပိုင်း အဝတ်အစားကြီးနဲ့ နတ်ကတော်တော့ မဟုတ်ဘူးထင်တယ်။ မကိုဋ်ဆောင်းပြီး ကွာတားပင်နဲ့ တီရှပ်ဝတ်ပြီး ရင်ဘတ်က ပုဝါစီးထားတယ် ဘာကြီးလဲမသိဘူး။
သစ်ခွခြံစောင့်နတ်။ ။ ဟေ့ကောင်… စကားမများနဲ့ ဘတ်ဂျက်အခြေအနေအရ နတ်လည်း ရှေးဟောင်း ဝတ်စုံအပြည့်မငှားနိုင်ဘူး။ နတ်တီရှပ်မဝတ်ဘူးလို့ နင့်ဘယ်သူပြောသလဲ။ ဒါ… လူ့ဘဝတုံးက ငါ့ကောင်မလေးကွ။ ကောင်မလေးကိုထားခဲ့ပြီး မင်းပြန်တော့။
မင်းသား။ ။ ဟင်… အချစ်ပြောတော့ မောင်သာ တစ်ဦးတည်းသော အချစ်ဦးဆို ဒါက ဘယ်လိုဖြစ်ရတာလဲ။
မင်းသမီး။ ။ ပေါက်ပေါက်ရှာရှာ ဒီလိုဟာကြီးကို ကြိုက်ပါမလား မောင်သာလျင် အချစ်ဦးပါ။
သစ်ခွခြံစောင့်နတ်။ ။ စကားမရှည်နဲ့ ကောင်မလေးကို ထားခဲ့ မထားခဲ့ရင် နင်တို့နှစ်ယောက်ကို ကွဲနဲ့တိုက်မယ်။
မင်းသမီး။ ။ ဟမ်… ကျားနဲ့တိုက်တာပဲ ကြားဖူးပါတယ် ရှင့်ကျမှ ကွဲနဲ့တိုက်ရမယ်လို့။
သစ်ခွခြံစောင့်နတ်။ ။ မရှိရှိတဲ့ ကွဲပဲတိုက်ခိုင်းရမှာပဲ။ ညီလေးလာဦး ဒီအကောင့်ကို ဖမ်းထားလိုက် ငါ့ကောင်မလေးကို ဖမ်းမယ်။
သစ်ခွခြံစောင့်နတ်အငယ်။ ။ ရတယ်အစ်ကို ကျွန်တော်က် ငမြတ်ကြီးကိုဖမ်းမယ်။ အစ်ကိုသာ ကောင်မလေးကို ရအောင်ဖမ်း။
မင်းသား။ ။ အချစ်ရေ ရုပ်ရှင်တွေထဲကလို မောင်သူတို့နဲ့ ဖိုက်တင်ပလေးထားမယ် အချစ်ကျောင်းသာ အရောက်ပြေးပေတော့။ မောင့်အတွက်တော့ ပူမနေပါနဲ့ မင်းသားဆိုတာ မသေဘူးစိတ်ချ။
မင်းသမီး။ ။ ပြေးပြီးနော် ဇာတ်ကားတွေထဲကလို မောင့်ကိုမခွဲနိုင်ဘူးတွေ ဘာတွေလုပ်မနေတော့ဘူး မစောင့်တော့ဘူးနော် တာတာ။

မင်းသားနှင့် သစ်ခွခြံစောင့်နတ်အငယ်( ဆောင်းချမ်းမိုး ) သစ်ခွခြံထဲတွင် နပန်းလုံးကျန်ရစ်သည်။ မင်းသမီးကား ဒေါက်ဖိနပ်ကို ခါးကြားထိုးပြီး လယ်ကွင်းကိုဖြတ်၍ ကျောင်းသို့ဦးတည် ပြေးသည်။ သစ်ခွခြံစောင့်နတ် ( စိုင်းဒီ ) စီးတော်ကွဲကို ခေါ်၍နောက်မှလိုက်သည်။

ဆက်ရန်

comments powered by Disqus