Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ၈ )

ဆောင်းချမ်းမိုးကား လူပျိုကြီးကို အလွန်အင်မတန်ပင် စိတ်ဆိုးနေပါသည်။ စိတ်လည်း ဆိုးထိုက်ပါသည် ကိုယ်တိုင်ဇာတ်ညှန်းရေးပြီး ကိုယ်တိုင်မေ့နေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်ဇဝေဇဝါ ဖြစ်နေသည်မှာ သစ်ခွခြံစောင့်နတ်မှာ တစ်ယောက်လား နှစ်ယောက်လား မသေမချာဖြစ်နေ ၍တစ်ယောက်ဟု ရေးလိုက်ရာ မှားယွင်းသွားပါတော့သည်။ ဆောင်းချမ်းမိုးမှာ သစ်ခွခြံစောင့် နှစ်ယောက်အနက် တစ်ယောက်ဖြစ်နေပါသည်။ ထို့ကြောင့် သစ်ခွခြံအတွင်း အခန်းတွင် နတ်နှစ်ယောက်ဖြစ်ကာ အစ်ကိုဖြစ်သူက မင်းသမီးကိုလိုက်ဖမ်းပြီး ညီဖြစ်သူ ဆောင်းချမ်းမိုးသည် မင်းသားဖြစ်သူ ငမြတ်ကြီးကို ဖမ်းသည့် အခန်းကို ထည့်သွင်း မြင်ယောင်ပါလေ။ ပြန်လည်၍လည်း ပြင်ဆင်ထားပါသည်။ သစ်ခွခြံစောင့်နတ်ဖြစ်ခဲ့သူ ဆောင်းချမ်းမိုး ကျေးအေးတော်မူရန် ဘီယာတိုက်ရန်လိုသည်။