Calm Hill My Random Thoughts

ကျွန်တော်ဖြတ်သန်းခဲ့သော မန္တလေး လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့

လက်ဘက်ရည်ဆိုင်ဆိုတာ ကျွန်တော့်ဦးလေးတွေ ခေတ်ကတော့ လူကြီးတွေဆုံးမတဲ့ မသွားသင့် မထိုင်သင့်တဲ့ နေရာပေါ့ဗျာ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ခုတောင် မှတ်မိပါသေးတယ် ကလေးက ၉ တန်းအရွယ် အိမ်ကမနိုင်လို့ ဦးလေးဆီပို့လိုက်ရတယ် ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တယ် လမ်းထိပ်မှာ ဂစ်တာတီးတယ်တဲ့။ အခုခေတ်တော့ လက်ဘက်ရည်ဆိုင်ထိုင်တာများ အဆန်းမှတ်လို့ လမ်းထိပ်ဂစ်တာတီးတာများ စကားထဲထည့်ပြောမနေပါဘူး။ ဘယ်ပြောမလဲ အဲဒီခေတ်က အပြောခံခဲ့ရတဲ့လူငယ်တွေက အခုခေတ် ကိုယ့်အဖေအရွယ် ဦးလေးအရွယ်တွေကိုးဗျ။ သူတို့အသားလွတ် အကန့်အသတ်ခံခဲ့ ရတဲ့ကိစ္စတွေကို လွတ်လပ်ခွင့်ပေးတဲ့သဘောပါ။ အချိန်နဲ့သွား အချိန်နဲ့ပြန်လို့ပဲ တစ်ချို့အိမ်တွေက ပြောတာပဲရှိပါတယ်။

မန္တလေးဆိုတာက လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့မြို့တော်လို့တောင် ပြောရမလားမသိပါဘူး ကျွန်တော် ၉ တန်းလောက်အထိ အဲဒီယဥ်ကျေးမှုက သိပ်မကြီးကျယ်သေး မစသေးဘူး။ ပြောရမယ်ဆိုရင် အရင်ကတည်းက သက်တမ်းရှည် လက်ဘက်ရည်ဆိုင် အနေနဲ့ မန်းမြို့တော်ကတော့ အခုထက်ထိ ရပ်တည်နေပါသေးတယ်။ အနောက်ပိုင်းမှာဆိုရင် ပေါက်ကျိုင်း နန်းရှေ့မှာဆိုရင် ကြိုင်သင်း ဒါတွေလည်း အခုထက်ထိ ရှိနေပါသေးတယ်။ သူတို့ကတော့ လက်ဘက်ရည်လိုင်းမဟုတ်ဘူး မုန့်ကိုအဓိကထားတယ်။

မင်းသီဟဆိုတဲ့ ၂၈လမ်းက ဆိုင်လေးက အရင်ကဆိုင်သေးသေးလေးပါ ဒါပေမယ့် အဲဒီအချိန်မှတော့ လက်ဘက်ရည် တော်တော်ကောင်း ဆိုပြီး နာမည်ကြီးလာပြီ။ ဦးလေးနဲ့ ၉ တန်းတုံးက တစ်ခါလိုက်သွားဖူးတယ် အဲ့ဒီဆိုင်မှာသောက်ဖူးတဲ့ ဖန်ဆိမ့် (ကျစိမ့် - ရန်ကုန်အခေါ်) လက်ဘက်ရည်ကို အင်မတန်ကြိုက်တယ်။ အခုအချိန်အထိ မန္တလေးရဲ့ အကောင်းဆုံး လက်ဘက်ရည်အဖြစ် ရပ်တည်နေသေးတယ်ပြောရမယ်ဗျ။ သူ့မှာထူးခြားတာက ဆိုင်ခွဲတွေဖွင့်လည်း ကျန်တာသာကွာချင်ကွာမယ် လက်ဘက်ရည်အရသာကတော့ အတတ်နိုင်ဆုံးတူတယ်။ စိတ်ထင်လို့လားတော့ မသိပါဘူး ၂၈ လမ်းက ဆိုင်ကလက်ဘက်ရည်ကိုပဲ ပိုကြိုက်တယ်။ အခုအချိန်မှာ မန္တလေးနဲ့ ပါတ်သက်တဲ့ အစားအစာ မင်းသီဟမှာ မရတာမရှိပါဘူး။ စားပွဲထိုးကလေးတွေ အင်မတန်တော်ကြပါတယ်။ အရင်က ကျွန်တော်ခင်တဲ့ စားပွဲထိုးကလေးလေးတောင် ကျွန်တော်ထွက်လာတော့ စားပွဲထိုး ခေါင်းဆောင် ဖြစ်နေတာ ကြာပါပြီ။ ကျွန်တော့််ကို မြင်ရင် ဘာစားမယ်ဘာသောက်မယ် မှာစရာမလိုဘူး သူကိုယ်တိုင် ကျွန်တော်သောက်နေကျ လက်ဘက်ရည်ယူလာတယ် ဘာမုန့်စားမလဲ ပြီးမှပဲမေးတယ်။

ဆယ်တန်းအောင်ကာစမှာ ယူနီစန်ဆိုတဲ့ လက်ဘက်ရည်ဆိုင်လည်း ပေါ်လာပါရော။ သူကတော့ဖွင့်ကာစက လက်ဘက်ရည်လည်း ကောင်းတယ်ဗျ ထူးခြားတာကတော့ ထပ်တရာပါ လုံးဝကိုထူးခြားတယ် ဆီမခိုဘူး လုံးမကွတ်ဘူး ပျော့ပျော့လေးနဲ့ စားလို့ကောင်းတယ်။ ၂ နှစ်လောက်တော့ သူ့ထပ်တရာ ဖော်မြူလာကို ထိမ်းထားနိုင်လိုက်တယ် ဒါပေမယ့်နောက်တော့ ဆိုင်တိုင်းလိုလို ထပ်တရာတွေ ကောင်းလာတာပါပဲ။ နောက်ပိုင်းတော့ ဆိုင်ခွဲတွေဖွင့်တာ များပြီးအရည်အသွေးကျလာပါတယ် ဒါပေမယ့်ကောင်းတဲ့ဆိုင်ကတော့ တော်တော်လေးကောင်းပါတယ်။ ၃၅ လမ်းနဲ့ ၈၃ လမ်းဒေါင့်ကဆိုင်ဆိုရင် ကျွန်တော်ကြိုက်တဲ့ ဆိုင်ထဲမှာပါတယ်။ ဒါပေမယ့် အမြဲတော့မထိုင်ဖြစ်ဘူး။ မန္တလေးတက္ကသိုလ် အထွက်က ယူနီစန်ကတော့ မတတ်သာမှသာထိုင်ပါတယ် စားပွဲထိုးများက နားရင်းရိုက်ချင်စရာ အလွန်ကောင်းပါတယ်။ ခေါ်ရင် မကြားချင်ယောင်ဆောင်ပြီး မန်နေဂျာကိုတိုင်လည်း မန်နေဂျာက အရေးမလုပ်ပါ။

နောက်ထပ်တစ်ဆိုင်ကတော့ ရှေပြည်မိုး သူလည်းလက်ဘက်ရည် တော်တော်ကောင်းတယ် တစ်ချို့က မင်းသီဟက လက်ဘက်ရည်ထက် ရှေပြည်မိုးက လက်ဘက်ရည်ကို ကြိုက်တဲ့လူလည်းရှိတယ်။ မုန့်လည်းအစုံရတယ် အရည်အသွေးလည်း လုံးဝထိမ်းထားနိုင်ပါ

comments powered by Disqus