Calm Hill My Random Thoughts

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၁)

ဒီရက်ပိုင်း ငယ်ငယ်က ဖတ်ဖူးတဲ့ စာတိုပေစလေးတွေ ပြန်စဥ်းစားမိလို့ ပြန်ရေးဦးမယ်။ လေးတန်းအောင်လို့ နွေကျောင်းပိတ်ရက် အိမ်ကလည်း ရှိသမျယောက်ျားတွေ မျက်စေ့နောက်တယ်ထင်ပါတယ် ရဟန်းခံဆိုပြီး လုပ်လိုက်တာ အဖေရော ဦးလေးနှစ်ယောက်ရော ရဟန်းခံကြတာ ကလေးနှစ်ကောင်ပါ အလကားမထားနဲ့ဆိုလို့ ကျွန်တော်နဲ့ ညီဝမ်းကွဲလေးပါ ခေါင်းတုံးတုံး ကိုရင်ဝတ်ပေါ့ဗျာ။ ကျောင်းပေါ်လည်း ဆော့လွန်းလို့ ဆရာတော်ကြီး အိပ်မရဘူး ဒါနဲ့ ငြိမ်အောင်ဆိုပြီး စာအုပ်ဘီဒိုဖွင့်ပေးမှပဲ ညီအစ်ကိုနှစ်ပါး ငြိမ်တော့တယ် ဆရာတော်ကြီးကလည်း တရားဝါသနာတော့ မသိဘူး ကာတွန်းနဲ့ ပုံပြင်တွေတော့ ဝါသနာပါပုံရတယ် ပုံပြင်စာအုပ်တွေ အများကြီးပဲ။ အဲဒီအထဲကမှ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များဆိုတာလေးကို တော်တော်လေး သဘောကျတယ် အခြေအနေတိုက်ဆိုင် နေလို့ဖြစ်မယ်ထင်တယ်။ အခုနောက်ပိုင်းတော့ အဲဒီစာအုပ် ရှာမရတော့ဘူးဗျ မှတ်မိသလောက်လေး ရေးစရာပြတ်တဲ့အချိန် ရေးဦးမယ်လို့ အကြံရတယ်။ ကြာပြီဆိုတော့ မူရင်းနဲ့တော့ နည်းနည်း လွဲကောင်းလွဲနိုင်ပါတယ် မူရင်းသိတဲ့လူတွေလည်း မှားနေရင် ဝင်ပြောပါဦး။



နဘေကောင်းတဲ့ ကိုရင်ကြီး

တစ်ခါက ရွာတစ်ရွာမှ စာစပ်ဝါသနာပါတဲ့ ဘုန်းကြီးတစ်ပါးရှိသတဲ့။ တစ်ရက်တော့ ဘုန်းကြီးက ကျောင်းပေါ်က ပြူတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ ထန်းတောကို ကြည့်ပြီးတော့ ကျက်သရေရှိလို့ဆိုပြီး သင်ပုန်းမှာ “ဖြိုးတင့် ကျက်သရေ” လို့အစပြုပြီး စာစပ်မယ်ဆိုပြီး ရေးပြီးတော့မှ ကိစ္စရှိလို့ ရွာထဲကွသွားတယ်။ ကျောင်းမှာကလည်း ကိုရင်ကြီး တစ်ပါးကလည်းရှိတယ် သူကလည်းဆွမ်းစားပြီး ကျောင်းပေါ်တက်လို့ သင်ပုံးပေါ်ကစာကို မြင်တော့ ငါ့ဘုန်းကြီးတော့ ထန်းတော မြင်ပြီး စပ်ထားတာပဲဆိုပြီး အောက်နားကနေ “ရိုးမြင့် ရွက်ရှည်” လို့ဝင်ပြီး စပ်သွားတယ်။ ဘုန်းကြီးကလည်း ကျောင်းပြန်ရောက်တော့ သင်ပုန်းပေါ်က စာမြင်တော့ ကိုရင်ကြီး ဝင်ရေးသွားတာပဲဆိုပြီး အဖော်ရပြီဆိုပြီး ကိုရင်လာစမ်း ဆက်ပြီးစပ်ကွာလို့ ခိုင်းပါရော။ ကိုရင်ကြီးကလည်း အပင်ပေါ်မှာ ထန်းရည်မြူအိုးလေးတွေ တွဲလဲဆွဲထားတာလေးတွေကြောင့် “အိုးဖြင့် လက်ဝေ” ပါဘုရားလို့ ပြောတော့ ဘုန်းကြီးက သဘောတွေ ကျနေတာပေါ့။ ဆက်စပ်ဆိုတော့ ကိုရင်ကြီးလည်း ထန်းပင်တက်ရင် အထက်ကို တိုးတိုးတက်ရလို့ “တိုးဆင့် တက်မလေ” ပါဘုရားလို့ ဆက်ပြီးစပ်ပါရော။ ဟဲ့ဆက်ပြီးစပ်ဆိုတော့ ကိုရင်ကြီးလည်း ခေါင်းခြောက်ပါရော ထန်းပင်အမြစ်တွေက ဟိုထိုးဒီထိုးနဲ့ မညီမညာဖြစ်နေတော့ “ဂိုးဂွင့် ဂွက်ဂွေ” ပါဘုရားလည်းဆိုရော “တယ်လေ ငါကအဟုတ်အောင့်မေ့လို့ နားထောင်နေတာ နောက်တီး နောက်တောက်နဲ့” ဆိုပြီးထပြီးကန်လိုက်တာ ကျောင်းလှေကားကနေ ကိုရင်ကြီး လိမ့်ကျပါရော။ အောက်ရောက်မှ လှေကားဘေးက စဥုံအိုးကြီးမြင်လို့ အိုးကြီးပြေးဖက်ပြီး “အိုးဖြင့် ဖက်မလေ” ပါဘုရားလို့ထပ်ပြီး စာစပ်ပါရော။ ဘုန်းကြီးကလည်း တယ်လေဒီကောင်ဆိုပြီ ကြေးစည်တီးတဲ့ တုတ်ကိုယူပြီး ထုမယ်လည်းလုပ်ရော “ကျိုးရင့် အခက်ပွေ၊ စိုးသဖြင့် ထွက်ပလေ” ဆိုပြီး အုတ်တံတိုင်းကျော်ပြေးပြီး လူထွက်သွားပါရောတဲ့။



ဖြိုးတင့် ကျက်သရေ
ရိုးမြင့် ရွက်ရှည်
အိုးဖြင့် လက်ဝေ
တိုးဆင့် တက်မလေ
ဂိုးဂွင့် ဂွက်ဂွေ
ကျိုးရင့် အခက်ပွေ
စိုးသဖြင့် ထွက်ပလေ


ကလေးဘဝ ဖတ်တဲ့ပုံပြင်ဆိုတော့ ဘာမှတော့ ထွေထွေထူးထူး မပါပါဘူး ဒါပေမယ့် ကလေးနားလည်တဲ့ ကာရံကိုက်တဲ့ ကဗျာတစ်ပုဒ်တော့ ဖြစ်လာတယ်ဗျ။ ကာရံကကိုက်တော့လို့ ထည့်ချင်တာ ထည့်လိုက်တာလည်း ကလေးအတွေးနဲ့ဆို အနေတော်ပဲ။ ဘာမှ ခက်ခက်ခဲခဲ ကလေးနားမလည်တဲ့ စကားလုံးမပါဘူး။ တစ်ဖြည်းဖြည်းနဲ့ အဓိပ္ပာယ် ကျစ်လစ်

comments powered by Disqus