Calm Hill My Random Thoughts

ကုန်လွန်ခဲ့တာတွေ

တစ်ခုလိုချင်ရင် တစ်ခုစွန့်လှတ်ရမယ် ဆိုသလိုပဲဖြစ်မယ် အများကြီးအာရုံမစိုက်နိုင်ခဲ့ဘူး။ ငယ်စဥ်ကလည်း ဆယ်တန်းမတိုင်ခင်အထိ ကျောင်းစာအပြင် အပိုအလုပ်တွေ တစ်ခုမှလုပ်ချိန်မရခဲ့ဘူး။ အပြင်မှာ သင်ခွင့်မရခဲ့ဘူးပြောတာပါ ကိုယ့်ဟာကိုယ်အိမ်မှာတော့ လုပ်ချင်ရာလုပ် ဖတ်ချင်ရာဖတ်ခွင့်ရခဲ့ပါတယ် သူများတွေလို စာပြီးရင်းစာတော့ မဟုတ်ပါဘူး။ ဆယ်တန်းပြီးတော့လည်း ကိုယ်လုပ်ချင်တဲ့ ရည်ရှည်လမ်းကိုရွေးလိုက်တော့ ကြိုတင်ပြင်ဆင်ဖို့ စာတွေဖတ်ရပြန်ပါတယ် ဝါသနာတွေအတွက် အချိန်မပေးဖြစ်တော့ဘူး။

အနုပညာဆိုတာ ကျွန်တော့််အဖို့ နွားပလာတာကွေးသလိုပဲ ဗမာပြည်ကလူငယ်အများတတ်တဲ့ ဂစ်တာတောင် ဂျုန်ဂျန်ဂျုန်ဂျန် မြည်အောင်မတီးတတ်ပါ။ စန္ဒယားတီးသင်ဖို့ ကြိုးစားသေးတယ် အိမ်မှာလည်း တီးစရာမဝယ်ခိုင်းချင်တာနဲ့ နုတ်ဖတ်တတ်သွားတာပဲ အဖတ်တင်လိုက်ပါတယ် မတီးတတ်လိုက်ဖူး။ ကျောင်းပြီးတော့ နည်းနည်းအားလို့ တယောထိုးသင်ပြန်တယ် ဝမ်းရေးအတွက် ရုန်းကန်စပြုနေတော့ အဆက်ပြတ်သွားပြန်တယ်။ အနည်းဆုံး တယောထိုးတတ်ခဲ့ရင် အခုလုပ်မယ့် ယဥ်ကျေးမှု့ဖလှယ်ပွဲမှာ သင်္ကြန်မိုးအတွက်လိုနေတဲ့ တယောနေရာမှာ ငါဝင်ပေးနိုင်မယ်။

တရုတ်ကြီးတစ်ယောက်က ဝူရှူးကမယ်တဲ့ သိုင်းဆိုရင် အင်မတန်ဝါသနာပါတယ် ဒါပေမယ် ငါတတ်တဲ့အတတ်ပညာတွေက လူမျိုးခြားအတတ်ပညာတွေ ဖြစ်နေတယ်။ ဒီကိစ္စလည်း ငါမပါနိုင်ပြန်ဘူး။ ငယ်ကတည်းကသာ ဗမာ့သိုင်းကို လေ့လာခဲ့ရင်တော့ ဝင်ပြီးကပြနိုင်မယ်ပေါ့ အခုတော့ ငါဘယ်လောက် အဆင့်မြင့်မြင့် တတ်ကွမ်းနေပါစေ လူမျိုးခြားအတတ်ပညာ ဖြစ်နေလေတော့ ဝင်ပြီးပြဖို့မဖြစ်နိုင်။ ဝင်မပြနိုင်လို့ စိတ်မကောင်းတာ တစ်ခုပါပဲ ဗမာသိုင်းမသင်ခဲ့တာတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ နောင်တရစရာအကြောင်းတော့ မရှိပါဘူးလေ။

ကိုယ်မတတ်နိုင်လို့ မတတ်ကွမ်းတဲ့ အတတ်ပညာတွေဖြစ်နေလို့ ပါဝင်ခွင့်မရလို့ စိတ်မကောင်းတာ တစ်ခုပါပဲ။ တစ်ခုအကုန်လိုချင်လို့ ကျန်တာတွေ စွန့်လှတ်ခဲ့တာပဲ နောင်တရနေလို့လည်း ဘာမှမထူးပါဘူးလေ။ အချိန်တိုအတွင်းမှာ အကောင်းဆုံးဖြစ်အောင်တော့ အတတ်ပညာတစ်ခုကို ကြိုးစားပြီးတော့ ပါဝင်မယ်လို့လုံးပန်းနေတာပဲ ဖြေသာပါတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် အကွမ်းကျင်ဆုံးအရာနဲ့ပဲ ပွဲတက်နေကျဖြစ်လေတော့ စိတ်ဇနိုးဇနောင့်ဖြစ်တာ တစ်ခုကလွဲရင် လုပ်နိုင်မယ်လို့ပဲ မျော်လင့်ပါတယ်။ ကနေရင်းနဲ့ ခါးပုံစတက်မနင်းမိဖို့ပဲ အရေးကြီးတယ်။

comments powered by Disqus