Calm Hill My Random Thoughts

မနက်ဖြန် ကြက်ဥကို ဘယ်လိုချက် ????

ဟိုတစ်ရက်က ကြက်ဥကို ပေါင်းပြီးချက်စားတယ် တစ်နေ့က ကြက်ဥကိုကြော်တယ် မနေ့က ကြက်ဥကိုပြုတ်ပြီး သုတ်စားတယ် ဒီနေ့တော့ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဥ်သီးနဲ့ချက်စားတယ် မနက်ဖြန် ကြက်ဥကို ဘယ်လိုစားရမလဲစဥ်းစားတယ် ဒါနဲ့ပဲ ကြက်ဥအမျိုးမျိုးချက်နည်း ပြုတ်နည်း စဥ်စားမိသလောက် စာရင်းလုပ်ထားမိတယ် သိတဲ့လူများလည်း နာမည်လေးတွေ ပြောသွားကြပါဦးဗျာ ကြက်ဥချက်နည်း များများသိမှ ကျွန်တော်အဆင်ပြေမယ်။

(၁) ကြက်ဥကြော်
(၂) ကြက်ဥပြုတ်သုတ်
(၃) ကြက်ဥဖောက်ချက်
(၄) ကြက်ဥပြုတ်အချဥ်ချက်
(၅) ကြက်ဥပေါင်းချက်
(၆) သီးစုံဟင်းနဲ့ ကြက်ဥနဲ့ချက်
(ရ) ကြက်ဥစပယ်ရှယ်ကြော်ချက်

မနက်ဖြန်တော့ သီးစုံဟင်းနဲ့ ကြက်ဥချက်ရမလား ခက်တာက မဆလာပြတ်နေတယ်။ ကြက်ဥစပယ်ရှယ် လုပ်ရအောင်လည်း ကြက်ဥအနှစ်တွေက ပိုနေမယ် အဲဒါတွေ မရိုးနစ်လုပ်လိုက်ရအောင်လည်း ကိုယ်ကလည်း မရိုးနစ်သိပ်မကြိုက် မထူးပါဘူးမဆလာလေး ပြေးဝယ်ပြီး ကြက်ဥသီးစုံချဥ်ရည်လေးပဲ ချက်တာကောင်းပါတယ်။ နောက်နေ့မှ ကြက်ဥအမျိုးမျိုး တစ်ပါတ်စာ ချက်နည်းပြုတ်နည်း စိတ်ရှည်လက်ရှည်ရေးဦးမယ်။