Calm Hill My Random Thoughts

မလျော့သောဇွဲ (၁) (၂)

တက္ကသိုလ်တက်လာတာ ၃ နှစ်ကျော် ၄ နှစ်မြောက်တဲ့နှစ်ပေါ့ အတန်းကတော့ ဂုဏ်ထူးတန်းရောက်ခဲ့ပြီ ခုနှစ်အရပြောရရင် ၂၀၀၄ ခုနှစ်။ ကုန်လွန်သွားတဲ့ ဘွဲ့ဲကြိုကျောင်းသားဘဝတွေကို ပြန်တွေးရင်း သူငယ်ချင်းတစ်စု ကဗျာစာအုပ်များထုတ်ကြတာပေါ့။ ကျွန်တော့််အထဲမှာ လက်ခံစာအုပ်တွေ တစ်အုပ်မှမရှိတော့ပါဘူး အကုန်လုံးအိမ်မှာထားခဲ့ပါတယ်။ မှတ်မှတ်ရရတစ်ချို့ ကဗျာတွေကို အယ်ဒီတာဆီကနေ ပြန်ပြီးတောင်းထားရတယ် ဘလော့မှာတင်ဦးမယ်ဆိုတော့ အယ်ဒီတာလည်း ဝင်းအင်းဝခေတ်က စာတွေကို ဇော်ဂျီနဲ့ရိုက်ပြီးပြန်ပို့ပေးပါတယ်။ အမည်မသိခတ်စာဆို ရေးထားတဲ့ မလျောသောဇွဲကို အမှတ်တရပြန်တင်ထားလိုက်တယ် အမည်မသိခေတ်စာဆိုကြီး ကျွန်တော့််ကိုဒီအချိန်မြင်ရင်တော့ ကဗျာတွေမှာ နောက်ထပ်နှစ်ပိုဒ်သုံးပိုဒ်လောက် ထပ်ပြီးထည့်စပ်ရမယ်ထင်ပါတယ်။ ဒီလိုပါပဲ အရိုးသီချင်းလိုဆိုရင် “အချိန်တွေကုန်တာ မြန်လွန်းတယ် ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ….. နောက်ကြောင်းပြန်ရင်း စပ်ဖြီးဖြီးနဲ့ အတိတ်ကိုတွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ …..”

မလျော့သောဇွဲ(၁)တက္ကသိုလ်ဆို တို့ကျောင်းကိုဖြင့်တက်ခွင့်တဖန် ကြုံခဲ့ပြန်တော့မောင်တို့တတွေ အကြံကြီးတယ်ပညာကိုဖြင့် အမှန်မတတ်လျင် နေလိမ့်မည်ကြင်ယာကိုတဲ့ ဧကံရရပေခြိမ့်ဖြူနီဝါပန်းခင်းနှယ်ဖြင့်မဒီတွေပေါလှတာကြောင့်ရွေးရင်းပင် တစ်နှစ်ခန်းတယ်ဒီမောင်မှာလွမ်း။ဒုတိယတဖန် တစ်နှစ်ဆန်းမှာဖြင့်ပစ်မှတ်ကယ် အမှန်ရွေးမိသော်လည်းခင်ပျိုရယ် ငြင်းရက်တာကြောင့်ပစ်မှတ်ကိုတဖန် ထပ်မံလို့ပြောင်း။တတိယဆို နောက်ဆုံးနှစ်မှာဖြင့်မိမိကအမှန်ချိန်ပြန်လျင်လည်းတပါးသူထံ ပါလေအမြဲမို့ထိုအဆိုမှန်ကောင်းရဲ့ဟုသူတပါးကိုချိန်ရန် စေခိုင်းပြန်တော့ထိုသူနှင့်ညား။လွတ်တဲ့ငါးကိုဖြင့်လည်း မကြီးချင်တော့ပါပြီလိုတာကိုဖြင့် အမှန်မရနိုင်ပြန်လျင်ရတာကိုသာ တဖန်ချိန်ပါတော့မည်ဟုသက်တမ်းကို ထပ်လောင်းတိုးရန်ဖြင့်ကျောင်းအပ်ရန်အားတင်း။အမည်မသိခေတ်စာဆိုမလျော့သောဇွဲ(၂)ပထမဆိုနှစ်ကာလမှာလပျိုမေတွေပြောကြပါတဲ့မလိုချင်လို့နေကြဦးမည်ခေါင်းခေါက်လို့ရွေးရင်ပင်မဆုံး။ဒုတိယတဖန် နှစ်တွေမှာဆန်းပြန်တော့မယ်တို့တတွေ တစ်မျိုးကြံတယ်အမှန်တကယ်ဆိုရင်ပြောပါဟုယခုဆိုချက်ခြင်းဖြင့် မရနိုင်ပေါင်မူရဦးမည်မောင်ဟုပြော။ထိုနည်းဖြင့်တဖန် အခြေမဟန်သူများမှဖြင့်တတိယကိုတဲ့ အမှန်ထပ်မံလို့ကူးလျော့စျေးဆိုတဲ့အသံ ဧကံပင်ကြားပြန်တော့ကိုကိုတွေပြေးကာပုန်းရတယ်လိုက်လို့ပင်ရှာကြဦး။အပျိုဟိုင်းဆို သက်တမ်းတိုးတို့မှာဖြင့်ယခုနှစ်တဖန် မြင်ရပြန်တော့ရှေ့ရေးကိုအမှန်မျော်တွေးကာကြားယောင်ပါဘိစိတ်ထဲခင်တို့ကတဖန်ပြန်၍ပင်လျောက်လွှာတင်မည်လျောက်လွှာဆို ထိုစာရွက်ကိုဖြင့်ဟိုမောင်တို့က ရောင်းဖို့ပင်အားတင်း။အမည်မသိခေတ်စာဆို
























































comments powered by Disqus