Calm Hill My Random Thoughts

သူ့နေရာနဲ့သူပေါ့



တွေ့နေတာကကြာပါပြီ ဘော်တာတစ်ယောက် Facebook မှာလာတင်မှ Comment များရေးထားတာ မြင်မိလို့ ပြန်သတိရလို့ရေးထားရတယ်။ ပုံကတော့အပေါ်မှာ ပြထားတဲ့အတိုင်းပါပဲ ကာတွန်းဆရာအားကြီးတော်တယ် မြင်သာထင်သာရှိအောင် ဆွဲတတ်တယ်ပြောပါတယ်။ တချို့လည်း ထောက်ခံကြတယ် ဒါမျိုးပြောသင့်ရေးသင့်တယ်တဲ့ ဒါမှမြင်မကောင်းရှု့မကောင်း မဝတ်ကြမှာပြောကြတယ်။ အချို့ကလည်းပြောတယ်ပေါ့လေ ကာတွန်းဆရာလူ့အခွင့်အရေး နားမလည်ဘူးတဲ့။ ကျုပ်ကတော့ ကြားနေရေးသမားပဲလေ မိန်းကလေးတွေလည်း သူများအတိုဝတ်ရင် သူတို့လည်းအတိုဝတ်ချင်မှာပေါ့ ဝတ်ချင်ရင်ဝတ်ကြပါစေလား အတော်တုံးတဲ့လူတွေ အရင်တုံးကမယ်ဗမာဆိုတာ ဘောင်းဘီတိုနဲ့ပြိုင်တာ မသိကြဘူးထင်တယ်။ ကာတွန်းဆရာလည်း သူမြင်တာသူဆွဲတာပဲလေ အဲဒါလည်းသူ့အခွင့်အရေးပဲမဟုတ်လား သူ့ပုံမှာကဘယ်သူလို့ နာမည်တပ်ထားတာမှမဟုတ်ပဲဟာ။ ကြည့်လိုက်တော့ Comment မှာငြင်းခုန်နေတာက ယောက်ျားတွေဗျာ မိန်းကလေးတစ်ယောက်မှ မပါဘူးရယ် တစ်ခုခုတော့လွဲမှားနေတာ အမှန်ပဲ ပြီးတော့သူတို့ဖြင့် မကြည့်ပဲနေကြမည့်လူတွေလည်း မဟုတ်ကြပါဘူး။

ကျွန်တော်ကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ပစိပစပ်များရင် သိပ်စိတ်မရှည်လှဘူး။ ဗမာပြည်ကထွက်လာကာစက လေဆိပ်ရောက်တော့ သူငယ်ချင်းတစ်ယောက်လာကြိုတယ် သူနဲ့အတူနောက်ထပ် သူငယ်ချင်းတစ်ယောက်ပါလာတယ်။ အဲဒီ့သူငယ်ချင်းက အဝတ်အစားသိပ်ဇီဇာကြောင်တယ် လူကိုကြည့်ပြီးတော့ ဟောဗျာ ဘောင်းဘီကဒေါက်မပါတာ မဝတ်ခဲ့ဘူးလား ဒီမှာဒေါက်နဲ့ဘယ်သူမှမဝတ်ဘူး ရှပ်အင်္ကျီကပွနေတယ် ဒီမှာအကြပ်ပဲဝတ်ကြတယ် ဆံပင်ကြီးက အရှည်ကြီးကို အလယ်မကျ ဘေးမကျနဲ့ခွဲထားတယ် အတိုညှပ်ပြီးထောင်လိုက်ပါနဲ့ တစ်လမ်းလုံးပြောလိုက်လာတယ်။ ကြာတော့စိတ်မရှည်ဘူး ကျုပ်ဝတ်ထားတာ စုတ်စုတ်ပြတ်ပြတ် မြင်မကောင်းတာများ ဝတ်ထားသလား ဒီလိုပုံနဲ့စာသင်ခန်းထဲ ဝင်လို့မရဘူးလား ဒီပုံနဲ့ဆိုရင် အခြားသူများကကျုပ်ကို အဖက်လုပ်ပြီးစကားမပြောကြဘူးလားလို့ ရွဲ့မေးတော့မှရပ်သွားတယ်။ လူကပိန်တော့ ဘောင်းဘီဒေါက်မပါရင် သွားကြားထိုးတံကို ဘောင်းဘီဝတ်ထားသလို စိတ်ထဲထင်မိလို့ဝတ်လေ့မရှိဘူး။ အင်္ကျီအကြပ်ဝတ်တဲ့ အလေ့အကျင့် ငယ်ကတည်းကမရှိဘူး။ ဆံပင်တိုရင်မနေတတ်ဘူး အနည်းဆုံးဆံပင်ဟာ ဂုတ်ကိုထောက်နေမှ အနေတော်လောက်ထင်မိတယ်။ ဘယ်သူတွေ ဘယ်လိုဝတ်ဝတ် ပြောင်းလဲဖို့မစဥ်းစားဘူး။ ဘယ်လိုဝတ်သွားသွား ခင်တဲ့လူကခင်ကြတာပဲ အဲလိုမှမဟုတ်လည်း အဝတ်အစားကြောင့် စကားမပြောချင်ဘူးဆိုလည်း သိပ်အရေးစိုက်မနေပါဘူးလေ။

ကျွန်တော့်အတန်းဖော် အစ်မတွေလည်း သူများနည်းတူပေါ့ တရုတ်မလေးတွေ အားကျလို့ထင်ပါတယ် တစ်ခါတစ်လေ ဘောင်းဘီတို စကပ်အတိုပေါ့။ တစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် စာအုပ်တွေနဲ့ ကားဂိတ်နားမှာခလုတ်တိုက်ပြီး စာအုပ်တွေအကုန်ပြုတ်ကျရော ဘေးကလူလိုက်ကြည့်နဲ့ မျက်စိပျက်မျက်နှာပျက်နဲ့ဖြစ်နေရော ကိုယ့်ကလည်း ကားဂိတ်မှာရှိနေတော့ သူငယ်ချင်းအချင်းချင်း ဘာများဖြစ်သလဲပေါ့ဘာတုံးလို့ မေးတော့လည်းမပြောဘူး။ ကျွန်တော်နောက်က ရောက်လာတဲ့အစ်မတွေက ပြာပြာသလဲနဲ့ စာအုပ်ကိုကောက်ပေးတယ်။ ပြီးတော့မှ အစ်မတွေကကိုယ့်ကို အပြစ်တင်ရော နင်ရှိနေတာဘာလို့ စာအုပ်တွေကောက်မပေးသလဲတဲ့။ ဒါနဲ့မဟုတ်သေးပါဘူး သူ့ပုံကစာအုပ်ကျတာကို ဒီလောက်မျက်စိမျက်နှာပျက်နေတာ ကျွန်တော်လည်း စာအုပ်အရေးမစိုက်ပဲ ဘာများဖြစ်လဲလို့မေးသားပဲလို့ပြောတော့။ နင်နဲ့တော့ခက်တယ် စကပ်အတိုနဲ့ သူကစာအုပ်ကို ကုန်းကောက်လို့လည်းမရဘူး ထိုင်ပြီးတော့ကောက်လို့လည်း မရဘူးတဲ့။ ဒါမျိုးက

comments powered by Disqus