Calm Hill My Random Thoughts

ထုံးစံအတိုင်း စီးပွားဖြစ်တယ်

မန္တလေးအိမ်မှာနေတုံးကတော့ မောင်နှမနှစ်ယောက် အခါကြီးရက်ကြီးဆိုရင် နည်းနည်းပါးပါး အရင်းအနှီးထည့်ပြီး စီးပွားရေး သောင်းကြမ်းတတ်တယ်။ သင်္ကြန်နားနီးရင် ရေအိုးတစ်လုံးဝယ် ကန်တော့စရာပစ္စည်းဝယ်ပြီး ဦးလေးတွေ အဒေါ်တွေကို လိုက်ကန်တော့ရတယ် မုန့်ဖိုးကတော့ ကန်တော့ပစ္စည်းရဲ့ နှစ်ဆမရရင်မပြန်ဘူး လုပ်ကြသေးတယ်။ သီတင်းကျွတ်ဆိုရင်တော့ ဖယောင်းတိုင်ပေါ့လေ ဝါဆိုဆိုရင်လည်း တစ်မျိုးစီနဲ့ကန်တော့ရတယ်။

အခုလည်းမနေ့က အာကီဒိုသင်တန်းက ဆရာရဲ့ တရုတ်နှစ်ကူးပါတီကို သွားလိုက်တယ် သယ်သွားတာက လိမ္မော်သီး ၆ လုံး ပေးရတာက ၁ ကျပ်နဲ့ ပြား ၂ဝ ပဲပေးရတယ်။ ထည့်သွားစရာ အိတ်အနီမရှိလို့ အိမ်မှာရှိတဲ့ အိတ်အနီနဲ့ထည့်သွားတယ်။ လိမ္မော်သီးလည်း လက်ဆောင်ပေးလိုက်ရော အန်ပေါင်းဆိုပြီး စာအိတ်အနီလေးနဲ့ ပြန်ပေးတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ၆ ကျပ်ပါလာတယ် ဘာပဲပြောပြော အရင်းကျေသွားပြီလေ။ သူများတွေလည်း လိမ္မော်သီးတို့ ဝိုင်ပုလင်းတို့ သယ်လာကြတယ်။

ဝိုင်တွေလည်းသောက်တော့ သောက်ကြတယ် ဒါပေမယ့် ယူလာတာနဲ့ သောက်တာနဲ့ မနိုင်လို့အပြန်တော့ အများကြီးပိုနေတယ်။ နောက်ဆုံး ဝိုင်းသိမ်းချိန်အထိ အဆက်မပြတ်သောက်နေတဲ့ ကျွန်တော်က ပစ္စည်းသိမ်းတာဝန်ကျတော့ ဆရာ ပုလင်းတွေ အိမ်လိုက်ပို့ရမလားဆိုတော့ မင်းသာသယ်သွားပါ ငါ့အိမ်လည်း အများကြီးဖြစ်နေတယ်ဆိုလို့ မဖောက်ရသေးတဲ့ ဝိုင်နှစ်ပုလင်းရယ် အအေးဘူးတွေ မုန့်တွေ လိမ္မော်သီးတွေ အကုန်သယ်ပြီး ပြန်လာခဲ့တယ်။ ဒီမှာလည်း ဗမာပြည်မှာလို တရုတ်နှစ်ကူးမှာ အလုပ်ဖြစ်နေသားပဲ :P

comments powered by Disqus