Calm Hill My Random Thoughts

When One Eye Is Fixed Upon Your Destination

A young boy traveled across Japan to the school of a famous martial artist. When he arrived at the dojo he was given an audience by the Sensei “What do you wish from me?” the master asked. “I wish to be your student and become the finest martial artist in the land,” the boy replied. “How long must I study?” “Ten years at least,” the master answered. “Ten years is a long time,” said the boy. “What if I studied twice as hard as all your other students?” “Twenty years,” replied the master. “Twenty years! What if I practice day and night with all my effort?” “Thirty years,” was the master’s reply. “How is it that each time I say I will work harder, you tell me that it will take longer?” the boy asked. “The answer is clear. When one eye is fixed upon your destination, there is only one eye left with which to find the Way.” From AikidoFAQ

သင်တန်းတစ်ခုကို ကျောင်းသား အသစ်ရောက်တာနဲ့ အမြဲမေးတတ်တာက အချိန်ဘယ်လောက်ကြာရင် တတ်မှာလဲ သင်တန်းပြီးရင် ဘာဖြစ်လာမှာလဲ။ တစ်သက်လုံး သင်ယူလေ့လာနေဖို့ လိုတယ်ဆိုတာ မေ့နေကြတယ်။ ဒါ့ကြောင့်လဲ သင်တန်းပေါင်းစုံ အလုပ်ဖြစ်နေတယ် ကြော်ငြာလို့ကောင်းတယ် သင်တန်းပြီးလျှင်ဘာဖြစ်မည်ပေါ့ ၆ လအပြတ် ဆော့ဝဲအင်ဂျင်နီယာဖြစ်သင်တန်း ၃ လအပြတ်နိုင်ငံတစ်ကာ အဆင့်မှီပရိုဂရမ်မာ။ မည်သည့်နိုင်ငံမှ ပေးအပ်မည့် ဘွဲ့ကိုမြန်မာနိုင်ငံတွင် သင်ယူနိုင်ဆိုတာကလည်း တွေ့တွေ့ရတတ်တယ် မည်သည့်နိုင်ငံလို့တော့ ပါလာပါတယ် ဒါပေမယ့် မည်မျှအဆင့်အတန်းရှိဆိုတာ မပါလာတာကို သတိမပြုမိကြဘူး နိုင်ငံခြံစည်းရိုးအပြင်က မှန်မျှအဆင့်အတန်း မြင့်နေတယ်လို့ ထင်နေရင် သူတပါးကို အထင်ကြီးလွန်းရာကျပါတယ်။

ပရိုဂရမ်မာဖြစ်ချင်တယ် ဆော့ဝဲအင်ဂျင်နီယာဖြစ်ချင်တယ် ဘာတွေသင်ရမလဲ ဘာလက်မှတ်တွေ ရှိရမလဲမေးတာ ခဏခဏတွေ့ရတယ်။ ဆော့ဝဲအင်ဂျင်နီယာဖြစ်ဖို့ လက်မှတ်တွေ လိုနေတာမဟုတ်ပါဘူး လက်မှတ်တွေဆိုတာ သူလေ့လာခဲ့တဲ့ အချိန်အတိုင်းအတာတွေအတွက် မှတ်တိုင်တွေ အဖြစ်ပဲအသုံးဝင်ပါတယ် လက်မှတ်တွေကြောင့် ဆော့ဝဲအင်ဂျင်နီယာဖြစ်တာမဟုတ်ပဲ သူ့အရည်အချင်းကြောင့် ဖြစ်နေတာကို သတိထားရမယ်။ ဘာတွေသင်ရမလဲကိုပဲ အာရုံစိုက်သင့်တယ် သင့်လျော်တဲ့အချိန် တစ်ခုအထိတော့ ရင်းနှီးရမှာပါပဲ။ လက်မှတ်အတွက်ကို အာရုံစိုက်မယ်ဆိုရင်တော့ အပေါ်ကစာလိုပဲ အနှစ်သုံးဆယ်လည်း ဖြစ်လာမယ်မထင်။ “The answer is clear. When one eye is fixed upon your destination, there is only one eye left with which to find the Way.” ဆိုတဲ့အဖြေဟာအသင့်လျော်ဆုံးပဲ။