Calm Hill My Random Thoughts

ကိုယ့်ကိုကိုယ် ပြင်စရာတွေ

အကူအညီတောင်းလာရင် လုပ်ပေးချင်တဲ့အကျင့်က ကောင်းတယ်ပြောရမယ် မကောင်းတဲ့အကျင့်က အချိန်အခက်အခဲကို သတိမထားတတ်တဲ့ ကိုယ့်အကျင့်ကို ပြင်ရဦးမယ် မအားရင်လည်း လုပ်မပေးနိုင်ဘူးလို့ အားမနာတမ်း ပြောထွက်အောင်ပြောရမယ်။ ကိုယ်မှာကလည်း သူများလို အလုပ်ပြီးရင် အားပြီလို့ဆိုတဲ့ လူမျိုးမဟုတ်ဘူး အလုပ်ပြီးရင် တစ်ခြားလုပ်စရာတွေ ဝါသနာပါရာတွေ အများကြီးရှိသေးတယ်။

အရင်လလောက်ကတည်းက သူများအကူအညီတောင်းတာတွေ ကူညီတာတွေများလို့ အလုပ်လည်းပျက်တယ် နားရမယ့်အချိန်နည်းသွားတယ် ဝါသနာပါရာလည်း လုပ်ချိန်နည်းသွားသလို တစ်ခါတစ်ခါ ပျက်ကွက်သွားတယ်။ ဒီတစ်ပါတ်ထဲမှာ အကြွေးကျန်နေတဲ့ အလုပ်တွေ မနည်းဖြတ်လိုက်ရတယ်။ ကိုယ်လုပ်နေကျအလုပ် သူများကိုကူညီလို့ ပျက်ကွက်တယ်ဆိုတာ မဖြစ်သင့်ဘူး အကူအညီတောင်းတဲ့လူတိုင်း သူတို့အလုပ် အရေးကြီးတယ် ပြောကြတာပါပဲ အဲဒါတွေ သိပ်အရေးမစိုက်တော့ဘူး။

အခုတော့ အလုပ်လုပ်ချိန်၊ စာဖတ်ချိန်၊ နားချိန်၊ အာကီဒိုကစားချိန်၊ အားတဲ့အချိန် စသည်ဖြင့်ပေါ့လေ အချိန်ဇယားဆွဲထားလိုက်တယ်။ အကူအညီတောင်းတဲ့ အချိန်တွေကို အားတဲ့အချိန်ပဲ လုပ်ပေးတော့တယ်။ နားချိန်မှာ သူငယ်ချင်းတွေနဲ့ လျောက်သွားချင်သွားမယ် အဲဒါအားနေတာ မဟုတ်ဘူး။ ကိုယ့်အချိန်ဇယားကို သူများအလုပ် ဦးစားပေးစနစ်နဲ့ မပြင်တော့ဘူးလို့ အတိအကျ ဆုံးဖြတ်လိုက်တယ်။ အားတဲ့အချိန်ပဲ ကူညီနိုင်မယ် နားတဲ့အချိန်ကို ဖျက်မပေးနိုင်ဘူး နောက်ထပ်အားတဲ့ အချိန်ကိုရောက်မှ ကူညီပေးနိုင်မယ်လို့ အပြတ်ပြောတဲ့ စနစ်ကိုကျင့်သုံးတော့မယ်။ လူမုန်းနည်းနည်းပိုများမယ် သန်းခေါင်ထက်တော့ ညဉ့်မနက်ပါဘူးလေ။