Calm Hill My Random Thoughts

ငရုတ်ပွအဆာသွပ်

အရင်တစ်ပါတ်က အစ်မတစ်ယောက် အဆောင်ကိုအလည်သွားတာ ငရုတ်ပွကို အဆာသွပ်ပြီး ချက်တာစားခဲ့ရတယ်။ မနေ့ညကတော့ စျေးသွားရင်းနဲ့ ငရုတ်ပွအကြီးကြီးတွေ့လို့ အဆာသွပ်ဦးမယ်ဆိုပြီး အသားကြိတ်သားနဲ့ အဆာပလာတွေ ဝယ်လာလိုက်တယ်။ အလုပ်ရှုပ်တယ် ထင်ရပေမယ့် အလုပ်မရှုပ်ပါဘူး ချက်ရတာသက်သာပါတယ်။

လုပ်ပုံလုပ်နည်းကတော့ အင်မတန်လွယ်ပါတယ် ဂျူးမြိတ်နဲ့ မှိုကို သေးသေးလေးတွေ ဖြစ်အောင် နုတ်နုတ်လှီး အသားကြိတ်သားနဲ့ နယ်သာထားလိုက်ပါ ဆားနည်းနည်း ပဲငံပြာရည်နည်းနည်း ချင်းရည်နည်းနည်း ထည့်နယ်ပါ အဲဒါဆိုအထဲကိုထည့်မယ် အဆာတွေကိစ္စပြီးပါပြီ ကျွန်တော်ကတော့ ကြက်သွန်ဖြူကို ကြိုက်လို့ အတောင့်လိုက် အသားထဲထည့်ထားပါတယ်။ ပန်းငရုတ်ပွကို အပေါ်ပိုင်းကို ဓားသေးသေးနဲ့ ဖွင်လိုက်ပြီးအထဲက ငရုတ်အစေ့တွေကို သန့်ရှင်းလိုက်ပါ စောစောက အဆာတွေထည့် အပေါ်ကနေဖွင့်ထားတဲ့ အပိုင်းလေးပြန်ပိတ် ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါ အဲဒါဆိုရင် စားလို့ရပါပြီ ငရုတ်ပွနဲ့ မွှေးမွှေးလေးနဲ့ အသားပေါင်း ချိုချိုလေးရပါပြီ။