Calm Hill My Random Thoughts

တစ်နေ့တာ တက္ကစီစကား လဝကစကား

မနက်အစောကို ၆ နာရီခွဲမှာ အမြဲနှိုးစက်ပေးထားပါတယ် သို့ပေမယ့် နှိုးစက်ကိုတော့ ကြာတော့အားနာလာတယ် ဘယ်တော့မှ အသံမြည်လည်း နိုးတယ်မရှိပါဘူး။ အိပ်ယာကနိုးတော့ ၇ နာရီခွဲနေပါပြီ မိုးကလည်း သည်းသည်းမဲမဲ ရွာပါတယ် ဘာလို့များ မိုးသည်းသည်းမဲမဲရွာတာကို ခွေးနဲ့ကြောင်နဲ့ရွာတယ်လို့ ခေါ်သလဲမသိဘူးလို့ မဆီမဆိုင်စဉ်းစားမိသေးတယ်။ ဝိရိယလွန်တော့ ကျွန်ြဖစ်တယ်ဆိုလား အဲလိုအဖြစ်မခံချင်လို့ ဝိရိယမထားလိုက်ပုံက လဝကကိုပေးရမယ့် စာရွက်များက တစ်ခုမှမိတ္တူမကူးရသေးပါ။ မိတ္တူကူးစက် အနီးဆုံးရှိတဲ့ Lab ထဲကိုပဲသွားရပါတယ်။ ဒီနိုင်ငံမှာ ဘာဖြစ်လို့များ ဗမာပြည်မှာလို မိတ္တူဆိုင်မရှိလဲမသိ။ ကျောင်းကနေ ထွက်လာတော့ မိတ္တူကူးပြီးတော့ ၁၀ နာရီခွဲနေပါပြီ သူများတွေ လဝကသွားရင် လူစောင့်ရမှာစိုးလို့ ရုံးဖွင့်ချိန်အမှီ ၉ နာရီလောက်သွားတယ် ကိုယ်ကတော့ ဝေ့နေတာနဲ့ ၁၀ နာရီခွဲတောင် လမ်းပေါ်မရောက်သေးပါဘူး။ မိုးကလည်း ပိုသည်းတယ် ဒါနဲ့ တက္ကစီနဲ့လစ်ရပါတယ်။ ကျောင်းကလည်း အိုလံပစ်ပြိုင်ပွဲရှိတော့ လုံခြုံရေးအတွက် အဆောင်တွေဘေးကနေ ဗမာပြည်အားကျလို့ထင်ပါတယ် သံဇကာနဲ့ခတ်ပြီး ကင်မရာများတပ်ထားပါတယ် လမ်းကူးချင်ရင် အရင်လို​ပြေးလို့လွှားလို့ အဆင်မ​ပြေဘူး။ ကားသမားကလည်း စကားကများပါတယ် ဒါတွေကဘာလုပ်သလဲတဲ့ ​ပြောလိုက်ပါတယ် ဒါက ထောင်အသစ်ဆောက်မှာလို့။ ဒါလည်းမလုံပါဘူးဗျာ သံဇကာပဲကျော်ချလို့ရနေတာပဲလို့ ​ပြောလိုက်မိကာရှိတယ် ကားသမားက ဟုတ်တယ်အဆောင်တွေလည်း ပစ္စည်းပျောက်တယ်တဲ့ အဝတ်တွေလှန်းထားတာ ပျောက်သွားတယ် ပင်တီတွေလှန်းထားတာ ပျောက်သွားတယ်တဲ့။ အဲဒါနဲ့​ကျောင်းသူ​တွေ အတန်းရှိလို့ သွားမဝယ်နိုင်သေးလို့ ပင်တီမပါပဲ အတန်းလာတက်ရတယ်ဆိုပဲ။ နေပါဦးခင်ဗျားက ဘယ်လိုလုပ် သူတို့ ပင်တီမပါပဲ အတန်းတက်တာ သိသလဲဆိုတော့ အဲဒါငါ့သမီးပျောက်သွားတာ ဆိုတော့ဘာမှ ဆက်မ​ငြင်းတော့ပါဘူး။ အဟောင်းကကောင်းပြီး အသစ်ကမကောင်းဘူးတဲ့ ကိုယ်မိန်းမကမှ ငွေရှာပေးနိုင်သည်ြဖစ်စေ မရှာနိုင်သည်ြဖစ်စေ မျက်နှာမပျက်ပဲ ကိုယ့်အတွက် လုပ်စရာရှိတာ လုပ်ကိုင်ပေးပါတယ်ဆိုပဲ။ ရည်းစားကတော့ အဲလိုမဟုတ်ဘူး ကိုယ်ကကရုစိုက်နိုင်ချိန်ပဲ ကြည်ဖြူပြီးတော့ ကျန်တဲ့အချိန်ငြူစူတယ်တဲ့။ အဲဒါကြောင့် မိန်းမဆီက ကောင်းတဲ့အကျင့်တွေကို လေ့လာပြီးတော့ ရည်းစားကို သင်ပေးသင့်တယ်ဆိုတော့ ကိုယ်လည်းနည်းနည်း နားရှုပ်သွားတယ်။ နေပါဦး မိန်းမရှိမှတော့ ရည်းစားဘယ်လိုရှိမလဲဆိုတော့ မဟုတ်ဘူးတဲ့ ငါတို့နိုင်ငံက မိန်းမနှစ်ယောက် တစ်ပြိုင်တည်းယူလို့မရဘူးတဲ့ အဲဒါကြောင့်ငါ့မှာ မိန်းမကတစ်ယောက်ပဲ ရှိတယ်တဲ့ ကျန်တာက ရည်းစားဆိုတော့ ကိုယ်လည်း အတော်သနားသွားမိတယ်။ ဗမာပြည်တော့ ဦးနေဝင်းကို ကျေးဇူးတင်သင့်တယ် တရားဝင်က ယူချင်သလောက် ယူလို့ရတယ် တရားဝင်တယ်။ ကားသမားရဲ့စကားကို တစ်လမ်းလုံးသည်းခံ လာလိုက်ရတာ လဝကရုံးရောက်မှပဲ ဒုက္ခကလွတ်ပါတယ်။ ကံကောင်းတယ်ပဲ ​ပြောရမလားမသိပါဘူး လူမရှုပ်ပါဘူး ထုံးစံအတိုင်း တန်းစီရတာတောင် ကိုယ့်ရှေ့မှာတစ်ယောက်ပဲရှိပါတယ် စာရွက်တွေကို​စစ်တဲ့ ကောင်တာကအဘွားကြီးက စစ်ပါတယ် ဖတ်လည်း မဖတ်တတ်ပဲနဲ့ ဗမာလိုရေးထားတဲ့ အိမ်ထောင်စုစာရင်းကိုလည်း မိတ္တူတောင်းပါတယ် မူရင်းကိုကြည့်ချင်တယ် လုပ်နေလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်လိုက်ပါတယ် လူစာရင်းကောက်နေတယ် အဲဒါယူလို့မရဘူးလို့ ​ပြောမှရပ်သွားပါတယ်။ သူများကိုရစ်ခဲ့လို့ ဘယ်နေရာရောက်ရောက် ရစ်ခံရတာလည်းထုံးစံပါ တံဆိပ်တုံးထုပြီးတာတောင် အရာရှိအန်တီကြီးက လာပါဦးဆိုလို့သွားရပါတယ်။ ဘာဖြစ်သလဲဆိုတော့ ကျန်တာအကုန်အဆင်​ပြေတယ်တဲ့ အလုပ်လုပ်တဲ့ကုမ္ပဏီက နှိပ်ပေးလိုက်တဲ့ တံဆိပ်တုံးက အသေးလေးဖြစ်နေတယ်ဆိုပဲ။ အဲဒါကဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီအသေးလည်းမဟုတ်ဘူးတဲ့ ဒီလိုတံဆိပ်တုံးအသေးလေး မဖြစ်သင့်ဘူးဆိုပဲ အတော်လေးစဉ်းစားရကြပ်တယ် ဘယ်လိုမှရှင်းလို့မရပါဘူး ဒါနဲ့ပဲ ကုမ္ပဏီကိုပြန်သွား မတူတဲ့တံဆိပ်တုံးထပ်ရှာပြီး ထုလာခဲ့ရပါတယ် အဲဒါမြင်တော့မှ ဒီဟာမျိုး​ပြောတာတဲ့ တစ်ကယ်က ဘာမှလည်းမထူးပါဘူး နောက်တစ်ခုက အောက်မှာ စာကြောင်းတစ်ကြောင်းပဲ အပိုပါတာပါ။ နောက်ဆိုရင် ကုမ္ပဏီအရွယ်အစားအပေါ် မူတည်ပြီးတော့ တံဆိပ်တုံးကို လက်မအရွယ်ကနေ လက်တစ်ဝါးအရွယ်အထိ လုပ်ထားသင့်တယ်။