Calm Hill My Random Thoughts

တစ်နှစ်တိုးသွားပြန်ပေါ့

စက်တင်ဘာ ၂၂ ရက်ဆိုတာ ကျွန်တော့်ရဲ့အသက် တစ်နှစ်တိုးတဲ့ရက်ပါ တက္ကသိုလ်မရောက်ခင်အထိက မွေးနေ့ဆိုရင်အိမ်မှာပဲ အဖေနဲ့အမေက တစ်ခုခုစားဖို့စီစဉ်ပေးပါတယ်။ တက္ကသိုလ်ရောက်တော့ သူငယ်ချင်းများကို မွေးနေ့ရောက်ရင် အပြင်မှာပဲ မုန့်လိုက်ကျွေး​လေ့ရှိပါတယ် မကျွေးလို့လည်း မရပါဘူးလေ သူငယ်ချင်းတွေက မွေးနေ့တွေကို စာရင်းနဲ့မှတ်ထားတာပါ။ အဲဒီ့သူငယ်ချင်းတွေနဲ့ ၇ နှစ်လောက်အတူတူ မပျက်စတမ်း မွေးနေ့အတူလုပ်လာတာ အခုတော့မဆုံနိုင်တော့ပါဘူးလေ။ မုန့်ကျွေးတဲ့ ထုံးစံမပျက်ရအောင် အတူရှိတဲ့သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေက မုန့်ကျွေးဖို့ချိန်းရပါတယ်။ ချိန်းတဲ့လူတွေက ထုံးစံအတိုင်း ကိုဒီဘီနဲ့ ကိုသာသာတို့ ဇနီးမောင်နှံနှစ်စုံတွဲ၊ မောင်ဆောင်း၊ စေတန်၊ ပြာပြာ ဒီလူတွေကတော့ ပင်တိုင်ပါတယ်ပေါ့လေ။ ဒီတစ်ခါတော့ ညီလေးဝမ်းကွဲလေးကိုလည်း ခေါ်ပါတယ် ညီလေးလာခဲ့ဆိုတာ ကောင်မလေး ကျောင်းကြိုနဲ့တိုက်နေလို့ မလာတော့ဘူးအစ်ကိုတဲ့။ နောက်ပြီးတော့ အလုပ်ရှာရင်းရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်ရပါတယ်။ ပြာပြာကတော့ လာမယ့်နေ့မှ သွေးလှူတယ်တဲ့ မူးလဲမှာစိုးလို့ မလာတော့ဘူးဆိုလို့ အတင်းလည်း မခေါ်တော့ပါဘူး မူးလဲရင် သူ့လည်းထူနိုင်မယ့်လူ တစ်ယောက်မှမပါဘူးလေ။ ဒီလိုနဲ့ ပြာပြာတစ်ရောက်လျော့နဲ့ လူ ၈ ယောက်ပဲ အဝစားခဲ့ပါတယ်။ ဒီနှစ်ကတော့ မွေးနေ့လက်ဆောင်က အိမ်မှာလိုညီမလေး မရှိလို့ဘာမှတော့ ထွေလီကာလီ ပေးမယ့်လူမရှိပါဘူး လူကလည်းအကျင့်က သူများပေးလည်း ပြန်ပေးတတ်လေတော့ ပေးမယ့်လူမရှိတာပဲ စိတ်ချမ်းသာပါတယ်။ ထူးထူးခြားခြားကတော့ ညီမငယ်ဒီးဒီးက လက်ဆောင်တစ်ခု ပေးပါတယ် ဖြစ်ချင်တော့ အရုပ်ြဖစ်နေတယ် ကြည့်ရတာ ဒီလူကြီးသူငယ်ြပန်ရင် ဆော့ဖို့လို့ရည်ရွယ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ပေးတာလည်းဖြစ် ပြန်လည်းပို့လို့မလွယ်လို့ ရည်ရှည်စီမံကိန်းပေါ့လေ သားသားမီးမီးရမှပဲ ဆော့ဖို့ပေးမယ်ဆိုပြီး သိမ်းထားပါတယ်။ ရောက်နေတဲ့ သူငယ်ချင်းကတော့ သူ့သူငယ်ချင်းအကြောင်း ကောင်းကောင်းသိပါတယ် မငြင်းမယ့်ပစ္စည်းတွေ လက်ဆောင်ပေးပါတယ် ဘာတွေလဲဆိုတော့ မုန့်တွေအသီးတွေပါ အပိုအဖြစ်ကတော့ အိပ်ယာခင်းဘူးနဲ့ဝယ်လာတယ် ငါကဖျာခင်းအိပ်တယ်​ပြောလည်း နင့်​​ဖျာကတစ်သက်လုံး မစုတ်တာမဟုတ်ဘူး အဲဒါမရှိတော့ ဒီဟာသုံးလို့ရတယ်ဆိုတော့ ​ပြောမနေတော့ပါဘူး ယူထားလိုက်တယ်။ အရင်နှစ်ကလည်း သူငယ်ချင်​းတွေ Facebook မှာလာပြီးတော့ Happy Birthday ပေါ့လာ​ပြောပေးကြပါတယ် ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်း နည်းတော့သိပ်မရှိပါဘူး ဒီနှစ်တော့ မှတ်မှတ်ရရ စံချိန်တင်ပါတယ် သူငယ်ချင်း တစ်ရာလောက် Wall မှာလာကြပါတယ် အဲဒီ့လူတွေ အကုန်လုံးက Online ပေါ်ကမိတ်ဆွေတွေ မဟုတ်ကြပါဘူး အကုန်လုံး အပြင်မှာခင်တဲ့လူတွေပါ အတော်လည်း အံ့အားသင့်မိပါတယ် ကိုယ့်ကိုခင်တဲ့ သူငယ်ချင်း တစ်ရာလောက်ရှိတယ်ဆိုတာ တစ်ခါမှမမျှော်လင့်ပါဘူး။ အရင်နှစ်ကထက် အတိုးတက်ဆုံးကတော့ လူတွေနဲ့အလိုက်အထိုက် နေတတ်သွားခဲ့ပုံရပါတယ် ဒီတစ်ခုက လွန်ခဲ့တဲ့တစ်နှစ်မှာ တိုးတက်ခဲ့တဲ့ အကြောင်းအရာတစ်ခုပေါ့လေ။ နောင်နှစ်များလည်း အခုလိုပဲဂွကျကျနေသွားဖို့တော့ စဉ်းစားထားရင်း လာရောက်နှုတ်ဆက်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ​ပြောကြားလိုပါတယ်။