Calm Hill My Random Thoughts

လိမ်တယ်ညာတယ်

မုသာဝါဒဆိုတာ အတော်ခက်တဲ့ကိစ္စပဲ လူကြီးတွေပြောတယ် လိမ်မ​ပြောရဘူး မကောင်းဘူးတဲ့ ပြီးတော့သူတို့ပဲ သားသား ဧည့်သည်လာရင် အမေမရှိဘူး ​ပြောလိုက်ဆိုတော့ အခက်သားပဲ။ လှသလားမေးရင် မလှဘူး​​ဖြေပါတယ် အဲတော့လည်း စိတ်ဆိုးကြသဗျာ လူတွေများ အတော်ခက်တယ် သူတို့မေးလို့ အရှိအတိုင်းလည်း ​ဖြေရသေးတယ်။ ငယ်တုံးကဖတ်ဖူးတဲ့ မှန်သောစကားကိုဆိုခြင်းနှင့် စပ်ဆိုင်သောပြဿနာများမှာ မလိုအပ်ရင်မ​ပြောနဲ့ရယ် မလိမ့်တစ်ပါတ်​ဖြေတာရယ်။ မလိုအပ်ရင်ဆိုတော့ လှသလား ကောင်းသလားမေးတာ မ​​ဖြေပဲနေလို့မရဘူး။ မဆိုးပါဘူးလေလို့ ​​​ဖြေလို့က ရချင်မှရမယ် မဟုတ်လား။ တောင်ဖီလာဆရာတော်​ဖြေသလို ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲဆိုတာ ဆိုတာမျိုးက သူတို့ကတော့ လိမ်တာမဟုတ်ဘူးဆိုပေမယ့် တကယ်ကတော့လိမ်တာပါပဲ ပါးစပ်ကထွက်တဲ့စကားထက် စိတ်ထဲကလိမ်လိုတဲ့ ဆန္ဒကပါနေပြီပဲ။ ငယ်ကတည်းက လူကြီးတွေလိမ်သမျှ ကလေးတွေခံရတာပါ ဆယ်တန်းတုံးက မိဘတွေပြောတယ် သားရယ်ဒီတစ်နှစ်ပါ ကြိုးစားလိုက်ပါ တက္ကသိုလ်ရောက်ရင် ဒီလောက်မပင်ပန်းပါဘူး ဆိုတာကပါသေးတယ်။ အလိမ်ခံလိုက်ရတယ်လေ တက္ကသိုလ်ရောက်တော့ ပြန်စဉ်းစားလိုက်တော့ ဆယ်တန်းစာဆိုတာ ဘာမှရှိတာမှမဟုတ်ပဲ တက္ကသိုလ်ရောက်တော့ စာတွေကဖတ်လိုက်ရတာ များလွန်းလို့ ပထမဆုံးဆံပင်ဖြူပါတယ်။ ဒီလိုနဲ့ လူကြီးတွေလိမ်တာ အကြီးအကျယ်ခံခဲ့ရတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားမလည်ပဲ ​ပြောရမယ်ထင်တယ် ပညာသင်စဉ်မှာ ကြင်ယာမရှာပါနဲ့ ပညာရေးထိခိုက်မယ်တဲ့ ပညာစုံရင် အလိုလိုဖြစ်လာမယ်ဆိုပဲ။ ဒီလိုနဲ့ ဟုတ်များဟုတ်မလားလို့ ကျောင်းတက်စားလိုက်တာ ၁၀ နှစ်ကြာတယ်။ အခုတော့ ဆံပင်လည်းဖြူ နဖူးလည်းပြောင်စပြုလာတယ် ပညာပဲမစုံသေးလို့လားမသိ အခုထိတော့ ဒုံရင်းအတိုင်းပဲ။ အခုတော့ လူကြီးတွေများ အရင်ကသူတို့ မ​ပြောတဲ့အတိုင်းပဲ နင့်အသက်လည်း ပြန်စဉ်းစားဦး ဒီအချိန်အထိ အိမ်ထောင်မကျသေးဘူး ဘာလုပ်နေသလဲဆိုပဲ။ တစ်ချိန်တုံးက ​ပြောခဲ့တာတွေကို အသံသွင်းမထားခဲ့တာ သက်သေခံပစ္စည်းပျောက်ပျက်သလို ဖြစ်နေတယ်။ နောင်လာနောက်သားများ လူကြီးများလိမ်ြခင်းမှ ကင်းဝေးကြပါစေလို့ပဲ ဆုတောင်းလိုက်ချင်ပါတော့တယ်။