Calm Hill My Random Thoughts

XServer on Window

ဝင်းဒိုးအသုံးအစွဲ တော်တော်လေး လျှော့ချထားရာကနေ ဒီရက်ပိုင်းတော့ ဝင်းဒိုးမှာပဲလုပ်လို့ရတဲ့ ကိစ္စလေးတွေ စမ်​းပေးစရာနဲ့လုပ်စရာရှိတော့ ဝင်းဒိုးအသုံးအစွဲ ပြန်ဖြစ်နေပြန်ပါတယ် ကိုယ့်အတွက်ကတော့ ​ပြောမယ်ဆိုရင် GUI မလိုပါဘူးလေ Command Line တစ်ခုရှိရင် အဆင်​ပြေပါတယ် ဆာဗာကို Putty နဲ့ဝင်သုံးလို့ရနေရင် အဆင်ပြေနေပါတယ် ဒါပေမယ့် တစ်ခါတစ်ယံမှာတော့ လင်းနစ်မှာပဲရတဲ့ GUI ပါတဲ့ပရိုဂရမ်တွေ သုံးစရာလိုရင်တော့ အတော်လေးခက်တယ်။ တကယ်တော့ Unix Family တွေဟာအရင်ကတည်းက GUI အတွက်သုံးတဲ့ Terminal တွေရှိပါတယ် သူတို့သုံးတဲ့ X-Window ဟာ Platform Dependent မဟုတ်ပါဘူး အဲဒါကြောင့် ဝင်းဒိုးမှာလည်း သုံးချင်ရင်သုံးလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ အရင်ကတော့ကျောင်းမှာ Cygwin သုံးတော့ Cygwin မှာလည်း ဝင်းဒိုးအတွက် XServer ကိုသုံးလို့ရပါတယ် Cygwin/X ကိုထည့်ထားမယ်ဆိုရင် Cygwin မှာ Locar or Remote အနေနဲ့ X-Window Program တွေသုံးလို့ရပါတယ်။ ပြဿနာက Cygwin/X ဟာ Cygwin အပေါ်မှာ အများကြီးမှီခိုပါတယ် Cygwin မရှိရင်အသုံးပြုလို့မရပါဘူး Remote Server မှာသုံးဖို့ဆိုတာက Unix Environment ဖြစ်ပြီးဖြစ်လို့ Cygwin ကို Install မလုပ်ချင်တာလည်း ရှိနိုင်ပါတယ် တကယ်ဆိုရင် SSH အတွက်က Putty လိုပရိုဂရမ် အသေးလေးရှိရင် ဖြစ်တာကြောင့် Cygwin လိုရှုပ်ရှုပ်ထွေးထွေး Install မလုပ်ချင်ရင်တော့ Cygwin Library တွေကိုမမှီခိုတဲ့ Xming ကိုသုံးလို့ရပါတယ်။ Putty + Xming ဟာ 5MB ထက်မကျော်ပါဘူး။ Xming သုံးတာလည်း အင်မတန်လွယ်ပါတယ် Install လုပ်ပြီးရင်တော့ Xming ကို Run ထားရင် XServer ဟာအလုပ်လုပ်နေပါပြီး ကိုယ်သုံးချင်တဲ့ ဆာဗာကို Putty နဲ့ SSH ဝင်ပါ အရေးကြီးတာက Setting မှာတော့ Connection > SSH > X11 မှာ Enable X11 forwarding ကို Check လုပ်ထားရင်ရပါတယ် သုံးချင်တဲ့ GUI ပါတဲ့ Program ကိုခေါ်သုံးပါ Terminal တွေအများကြီးမဖွင့်ချင်ရင်တော့ Command တွေကို Background မှာပဲ Run ဖို့နောက်ဆုံးမှာ & ကိုထည့်သုံးပါ။ အဲဒါဆိုရင် အောက်ကပုံတွေလို XWindow UI နဲ့အလုပ်လုပ်ပါလိမ့်မယ် အားလုံးဟာ ကိုယ့်ဘက်မှာပေါ်နေတာပဲရှိတယ် Processing ကတော့ Server ဘက်မှာပဲလုပ်နေပါတယ်။ နောက်လိုအပ်ချက်ကတော့ ကိုယ့်ဆာဗာမှာတော့ X display manager တစ်ခုခုတော့ တင်ထားရမှာပေါ့လေ။