Calm Hill My Random Thoughts

မူတူးနဲ့ ဆာမိ

တစ်ခါက မြို့တစ်မြို့မှာ မူတူးနဲ့ဆာမိဆိုတဲ့ ကုလားသူငယ်ချင်း နှစ်ယောက်ရှိတယ် အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်က တစ်ခုခုလုပ်ရင် နောက်တစ်ယောက်ကလည်း လိုက်လုပ်တာလည်း ထုံးစံလိုဖြစ်နေတယ် တစ်ယောက်က စက်ဘီးဝယ်တော့ နောက်တစ်ယောက်လည်း စက်ဘီးလိုက်ဝယ် တစ်ယောက် အိမ်ပြောင်းရင် နောက်တစ်ယောက်လည်း လိုက်ပြောင်းနဲ့ အကုန်လိုက်လုပ်တတ်တယ်။ တစ်ရက်တော့ ဆာမိက ဘယ်သူစည်းရုံးလိုက်တယ်မသိဘူး ဗုဒ္ဓဘာသာကိုပြောင်းလိုက်တယ် ဘာသာပြောင်းတော့ အိမ်မှာဘုန်းကြီးဆွမ်းကျွေးလုပ်တော့ သူငယ်ချင်း မူတူးကိုလည်းဖိတ်ပါတယ်။ သူငယ်ချင်း မင်းကတော့ ဘာသာကမတူဘူးပေါ့ ဒါပေမယ့် ထမင်းနဲ့မုန့်တော့လာစားပါကွာလို့ ဖိတ်ထားတော့ မူတူးလည်းလာပါတယ်။ သူကလည်း ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုလည်းမသိဘူးပေါ့ဆိုပြီး သွားကြည့်ဦးမယ်ဆိုပြီး ဘုန်းကြီးတရားဟောကတည်းက အစောကြီးရောက်နေပြီး ဘေးကနေကြည့်တယ်။ တရားဟောတဲ့ ကိုယ်တော်ကလည်း အာပေါင်အာရင်းသန်သန်နဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ …. ရှေ့ကနေတရားကို လိုက်ဆိုခိုင်းတယ် ခဏနေတော့ တရားနာတဲ့လူအုပ်ကြီးက သာဓု သာဓု ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ကြတော့ သာဓုဆိုတာ ဘာတုံးသွားမေးတော့ ကောင်းတယ် ကောင်းတယ်လို့ ဆိုလိုတယ်ဆိုတော့ မူတူးလည်းသဘောကျသွားတယ်။ မူတူးလည်းစဉ်းစားတယ် ဆာမိကိုတော့ ဒီတစ်ခါတော့ရှုံးလို့မဖြစ်ဘူး ငါလည်းဘာသာပြောင်းမယ်ဆိုပြီး တရားဟောကိုယ်တော်ကို သွားလျှောက်တယ် သူလည်းဆွမ်းကျွေးလုပ်ပြီး ဘာသာပြောင်းချင်လို့ နောက်နေ့သူ့အိမ်ကို ဆွမ်းစားကြွပါဆိုပြီးပင့်တယ် တစ်ခါတည်း တရားနာပရိတ်သတ်ကိုလည်း နောက်နေ့သူ့အိမ်ကိုလည်း တရားနာရင်း ဆွမ်းကျွေးဖိတ်ပါတယ်ဆိုပြီး တစ်ခါတည်းဖိတ်ခဲ့တယ်။ မူတူးအိမ်မှာဆွမ်းကျွေးစတော့ ဘုန်းကြီးကလည်း ဒါယိကာကြီး ဘုန်းကြီးတိုင်ပေးသလို လိုက်ဆိုဆိုပြီးတိုင်ပေးတယ် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အဲဒီ့မှာမူတူးလည်း နည်းနည်းအံ့ဩသွားတယ် ဒါနဲ့ဘုန်းကြီးကို အရှင်ဘုရားလွဲနေပါတယ် တပည့်တော်က မူတူးပါ ဆာမိမဟုတ်ပါဘူး ပြန်လျောက်ရတယ်။ ဘုန်းကြီးကလည်း အေး.. ဒါယိကာကြီး ဘုန်းကြီးသိပါတယ် လိုက်သာဆိုပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ထပ်တိုင်ပေးတယ်။ မူတူးကလည်း မဟုတ်သေးဘူးဘုရား တပည့်တောက် မူတူးပါလို့ ထပ်လျောက်ြပန်တယ်။ ဒီတော့မှ တရားဟောကိုယ်တော်လည်း သဘောပေါက်သွားပြီး စဉ်းစားတယ် အင်း… ငါတော့ တရားစာကို ပြင်မပေးရင် ဆွမ်းကျွေးပျက်ဖွယ်ရှိတယ် ဆိုပြီးတော့
ကဲကဲ ဒါယိကာကြီးမူတူး လိုက်ဆိုလိုက်ဆို ဗုဒ္ဓံ သရဏံ ဂစ်မူတူး ဓမ္မံ သရဏံ ဂစ်မူတူး သံဃံ သရဏံ ဂစ်မူတူး