Calm Hill My Random Thoughts

E-Book များနဲ့ တစ်ဝဲလည်လည်

ပရိုဂရမ်မာတစ်ယောက် ဘယ်အရာအချမ်းသာဆုံးလဲ မေးခဲ့မယ်ဆိုရင် E-Book လို့ဖြေရပါလိမ့်မယ်။ ကိုယ်လည်း ထိုနည်းလည်းကောင်းပဲပါပဲ မြောက်များစွာသော E-Book တွေစုဆောင်းထားမိပါတယ်။ တစ်ချိန်က အခုခေတ်လို အင်တာနက် မလွယ်တော့ နေရှင်နယ်စီဒီကိုသွားတယ် E-Book Collection အသစ်ထွက်လားကြည့် ထွက်ရင်ဝယ်ရပါတယ် လိုချင်တာရော မလိုချင်တာရော စုံစီနဖာပါသမျှ အကုန်စုဆောင်းရပါတယ် တစ်ခါတစ်ယံလည်း ဆရာတစ်ယောက်က သူရှာလို့ဖွေလို့ရရင် တပည့်ကျော်ကို ခေါ်ပြီးပေးတတ်ပါတယ်။ အင်တာနက်ရတော့ ပိုဆိုးသွားပါတယ် အားတိုင်းရှာလိုက် ဒေါင်းလိုက်လုပ်နေလို့ အရေအတွက်တွေ ပိုလို့သာတိုးလာပါတယ်။ ဝယ်ထားတာလားလို့ မသိချင်ယောင်ဆောင်မေးရင်တော့ မဟုတ်ပါဘူး တစ်ခုမှမဝယ်ထားပါဘူး အကုန်လုံးခိုးထားတာပါလို့ အမြဲဖြေပါတယ်။ လက်ရှိကတော့ E-Book တွေကို Category Hierarchy အလိုက် Folder တွေခွဲသိမ်းပါတယ် ဒါပေမယ့်ပြဿနာက စာအုပ်တစ်အုပ်ဟာ Category တစ်ခုထက်ပိုပါရင် အခက်အခဲဖြစ်ပါတယ် Windows မှာက File တစ်ခုဟာ Folder တစ်ခုမှာပဲပါလို့ရပါတယ် အဲဒါကြောင့် အမျိုးအစားခွဲရင် အမြင့်ဆုံး Category တစ်ခုကိုပဲရွေးသိမ်းရတော့ အချိန်ကြာလာတော့ ရှာရခက်လာပါတယ် Category တစ်ခုထက်ပိုပါတဲ့ စာအုပ်ရှာချင်ရင် ဘယ်နေရာသွားရှာရမလဲ အတော်ကိုခက်ခဲလာပါတယ် အဲဒါနဲ့စနစ်တစ်ကျ ပြန်စီစဉ်ဖို့စဉ်းစားရပါတယ်။ လိုချင်တဲ့ဆော့ဝဲက ရှာလို့လွယ်ရမယ် စာအုပ်တွေကိုသိမ်းတာ ကိုယ်တိုင်လုပ်စရာမလိုချင်ဘူး နောက်ပြီးတော့ အများအားဖြင့်ကိုယ်က မတူညီတဲ့ OS တွေပေါ်မှာသုံးတတ်တော့ Multiple Platform မှာအလုပ်လုပ်တာလိုချင်တယ် အလကားရရမယ် ဒါမှမဟုတ်ဈေးချိုရမယ်။ ပထမဆုံးတော့ စာကလေးကို အမြောက်နဲ့ချိန်တဲ့ အလုပ်မျိုးနဲ့စပါတယ် စာအုပ်ဆိုတော့ ဒါကစာကြည့်တိုက်ပေါ့ အဲဒီတော့ စာကြည့်တိုက်ဆော့ဝဲတွေ လိုက်ကြည့်ပါတယ်။ Greenstone, NewGenLib, Evergreen, Invenio, Koha, … အဲလိုဟာတွေ လိုက်စမ်းကြည့်တယ် ကောင်းတာကကောင်းပါတယ် ဒါပေမယ့် မလိုတာတွေပိုနေတယ် အများအားဖြင့် Web-Based တွေဖြစ်နေတော့ ကိုယ်နဲ့အသုံးမတည့်ဘူး။ အဲဒီ့အထဲမှာ Invenio ကိုတော့သဘောကျပါတယ် သူက Digital Library အတွက်သီးသန့်ဆိုတော့ Metadata Search တင်မကပဲနဲ့ Content Search ပါလုပ်နိုင်ပါတယ် ဒါပေမယ့်ကိုယ့်အတွက်တော့ တစ်ယောက်တည်းသုံးမှာ ဖြစ်နေတော့ Content Search မပါလည်းရပါတယ် တကယ်တော့ Content Search ဟာ Indexing Cost ကြီးလွန်းပါတယ်။ ဒီလိုနဲ့ စာကလေးပစ်ဖို့တော့ လောက်လေးခွလောက်ဆို အဆင်ပြေပါတယ်ဆိုပြီး E-Book Management Software တွေဘက်ပြန်လှည့်ရပါတယ်။ Alfa Ebooks Manager, Calibre, Koobits, … အဲဒါတွေစမ်းကြည့်ဖြစ်တယ်။ Alfa ကိုသဘောကျပါတယ် UI လည်းအတော်ကို ကောင်းပါတယ် Catalog, Search, Organize, Metadata Search from Web, Preview, Manage Ebook files အဲဒါတွေကို သဘောကျပါတယ် ခက်တာက ဝင်းဒိုးအတွက်ရယ် အလကားမရပဲ ၁၉.၉၅ ဒေါ်လာပေးရတယ်။ ထပ်ရှာကြည့်တော့ ဆင်တူပြီးအလကားရတာက Koobits ရှိပါတယ် Koobits မှာတစ်ခုပိုသဘောကျတာက Annotate လုပ်လို့ရပါတယ် သူလည်းပြဿနာက ဝင်းဒိုးအတွက်ပဲရပါတယ်။ နောက်တစ်ခုထပ်ရှာကြည့်တော့ Calibre ကိုတွေ့တယ်။ Calibre ကိုတော့ Open-Source ဖြစ်တာရယ် Platform မရွေးတာရယ်ကြောင့် စစချင်းပဲအတော် သဘောကျမိတယ်။ ပထမဆုံးစာအုပ်တစ်အုပ် ထည့်ကြည့်ပါတယ် PDF File ကိုရွေးပေးလိုက်တော့ Title, Authors စတာတွေကို File Metadata ထဲကနေဆွဲထုတ်နိုင်ပါတယ် အဲဒါကြောင့် အကုန်လုံးပြန်ထည့်စရာ မလိုပါဘူး။ ကိုယ့်လိုပျင်းတဲ့လူအတွက် အသုံးတည့်တယ်။ Tags တွေလည်း ကိုယ်တိုင်မခွဲချင်ရင် Online ရှာခိုင်းလို့ရပါတယ် ဒါပေမယ့် အဲဒါတော့ ကိုယ်တိုင်ခွဲမှာဖြစ်လို့ မသုံးဖြစ်ပါဘူး။ Format Converter တွေပါတဲ့အတွက် အလွယ်တစ်ကူပဲ ကိုယ်သုံးတဲ့ Ebook Reader ရှိရင် သင့်လျော်ရာပြောင်းလို့ရပါတယ်။ Build-in Webserver တစ်ခုပါလို့ လိုအပ်ရင် Share လုပ်လို့ရပါတယ် Shared by Email လည်းပါလို့ တစ်ယောက်ယောက်က အကူအညီတောင်းလို့ ရှာပေးရရင် တစ်ခါတည်း Email ပို့လို့ရတာကို သဘောကျမိတယ်။ မကောင်းတာဘာရှိသလဲဆိုရင် Alfa and Koobits ထက်တော့ UI ညံ့ပါတယ်။ ဒီလိုနဲ့ ဆယ်နှစ်တာသူခိုးမှတ်တမ်းကို Calibre သုံးပြီး Catalog လုပ်တဲ့လုပ်ငန်းစပါတယ် အတော်ကိုအားရစရာကောင်းပါတယ် တစ်နေကုန်ထိုင်လုပ်တာ စာအုပ် ၁၃၀လောက်ပြီးပါတယ် တကယ်တမ်းလုပ်ရမှာက ၃ ထောင်လောက်ရှိပါတယ်။ မနေ့ညက ပြီးသွားတဲ့ Calibre Library Data တွေကို Dropbox ထဲထည့်ပြီး Sync လုပ်ထားလိုက်တယ်။ ဒီမနက်မှ ကိုယ်သုံးနေကျ စက်တွေမှာ Calibre ကို Install လုပ် Dropbox ထဲက Calibre Library နဲ့ Configure လုပ်လိုက်တယ် အတော်စိတ်ချမ်းသာစရာ ကောင်းသွားပါတယ် အရင်လိုရှာချင်လို့ ဘယ် Folder ကို ဖွင့်ရမလဲ စဉ်းစားစရာမလိုတော့ဘူး ရှာချင်တဲ့ Keywords လေးရိုက်ထည့် ကျလာတဲ့စာရင်းထဲကနေ ရွေးဖတ်ရုံပါပဲ။