Calm Hill My Random Thoughts

ဘောင်းဘီခြေထောက်ဖြတ်တဲ့ဒုက္ခ

ဘောင်းဘီတစ်ထည်ဝယ်လာရင် ခြေထောက်တွေ အနေတော်ဖြစ်အောင် ဖြတ်ရတဲ့ဒုက္ခကလည်း အတော်ပြဿနာတက်တယ်။ အင်္ဂါနေ့က ခြေထောက်ရှည်နေတဲ့ ဘောင်းဘီတစ်ထည်ကို အိမ်နားကစက်ချုပ်ဆိုင်မှာ ဖြတ်ရအောင်သွားအပ်တယ် ဆိုင်ပိတ်ချိန်ရောက်နေတော့ ဆိုင်ရှင်တရုတ်မက ပေးဆိုပြီးအမြန်ယူထားလိုက်တယ် နေဦးအထဲမှာ နှစ်ထည်ပါတယ် တစ်ထည်ကဖြတ်ရမယ် နောက်တစ်ထည်က တိုင်းဖို့အတွက် တိုင်းထားပြီးအဲဒါကို ပြန်ယူသွားမယ်ဆိုတော့ ရတယ်နှစ်ထည်လုံးထားခဲ့ နောက်နေ့မှတိုင်းမယ် တိုင်းစရာတွေက သော့ခတ်လိုက်ပြီဆိုတော့ ထားခဲ့လိုက်တယ်။ မနက်ကသွားယူတော့ ဆိုင်မှာမကြည့်ခဲ့မိဘူး အဲဒါနဲ့အိမ်ရောက်မှ သတိရလို့ထုတ်ကြည့်မိတော့ ဘောင်းဘီကမဖြတ်ရသေးဘူး ဟမ်… မဟုတ်သေးဘူးဆိုပြီး ဆိုင်ပြန်သွားရတယ် ငါ့ဘောင်းဘီကို မဖြတ်ရသေးဘူး ဒီမှာကြည့်ဆိုပြီး တိုင်းပြတော့ ဒီဟာမဖြတ်ဘူးလေ ဟိုဟာဖြတ်ပေးလိုက်တယ်ဆိုတော့ ဟမ်… အကောင်းကိုဘာလို့ဖြတ်သလဲ ပြစမ်းဆိုကြည့်တော့ အရင်ကအသေအချာ လက်ချုပ်နဲ့ခေါက်ထားတဲ့ ဘောင်းဘီခြေထောက်ကို စက်နဲ့နင်းထားတယ်။ နင်အသေအချာ မပြောဘူးလို့လုပ်နေလို့ အဲဒါနဲ့ ရူးနေသလား ဗောက်ချာမှာကြည့် ခြေထောက်ဖြတ်ရန်လို့ပါတယ် တစ်ထည်ကတိုင်းဖို့ အသေအချာ ပြောပြီးပေးခဲ့တာ သေချာအောင်ပြန်ယူသွားမယ် တိုင်းလို့ပြောခဲ့တယ်ဆိုတော့ အူလည်လည်လုပ်နေတယ်။ အဲဒါနဲ့ ဖြတ်ရန်မှာ ၂ ထည်ပေးပြီး တစ်ထည်အတို တစ်ထည်အရှည် တစ်ထည်အသစ် တစ်ထည်အဟောင်း ဘယ်ဟာဖြတ်ရမယ် နားမလည်ဘူးလားလို့ပြောမှ ပါးစပ်ပိတ်သွားတယ်။ မနက်ဖန်လာခဲ့လုပ်နေလို့ မနက်ဖန်မအားဘူး အခုရအောင်လုပ် နောက်ထပ် ၁ နာရီလောက်နေရင် ပြန်လာယူမယ်ဆိုပြီး ပြဿနာရှာပြန်ခဲ့ရတယ်။