Calm Hill My Random Thoughts

Dennis MacAlistair Ritchie

ဒီလထဲမှာ iPhone အသစ်ထွက်ပြီးတဲ့နောက်နေ့ Steve Jobs ဆုံးသွားတယ် တစ်နေရာတစ်ခါ လူတစ်ယောက်တွေ့တိုင်း Steve Jobs ဆုံးသွားတယ်ပဲပြောကြတယ် Facebook မှာလည်းပုံတွေ ပလူပျံနေတယ် Profile ပြောင်းတဲ့လူလည်းပြောင်း အခုထိပြန်မဖြုတ်ကြသေးဘူး။ iPhone ဝယ်မလားတော့ စဉ်းစားမိပါတယ် ဒါပေမယ့် ဆုံးသွားပြီဆိုတော့ ဪ.. သွားရှာပြီလို့ စိတ်မကောင်း တစ်ချက်ဖြစ်တာတစ်ခုပါပဲ။

ကိုယ့်အတွက်တော့ ကွန်ပျူတာနဲ့စီးပွားရေး လုပ်စားတာအင်မတန် တော်တယ်ဆိုပြီး နှစ်ဘက်တော်တဲ့ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုထားတာကလွဲရင် သိပ်ထူးခြားမှု့မရှိပါဘူး။ လူသုံးလွယ်တဲ့ ကွန်ပျူတာတွေ အများကြီးထုတ်ခဲ့တာ လက်ခံလို့ရပါတယ် ဒါပေမယ့် လူအများကြီးအတွက် အထောက်အကူ မပေးနိုင်ခဲ့ဘူး။ IBM သာ PC Standard ကိုထုတ်ပေးခဲ့တာ အင်မတန်ကျေးဇူးတင်ရမယ် မထုတ်ပေးခဲ့ရင် ဒီအချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေ ကွန်ပျူတာသုံးနိုင်ဖို့ လမ်းမမြင်မိသေးဘူး။

Microsoft ချမ်းသာတော့ လူတွေကအတော် ဆန့်ကျင်ကြတယ် Microsoft ပစ္စည်းမသုံးဘူး အော်ကြဟစ်ကြတယ် Apple တစ်ခုခုထွက်တော့ လုဝယ်ကြပြန်တယ် တကယ်တော့ ပြန်စဉ်းစားကြည့်ရင် Apple စီးပွားဖြစ်တော့ ဘယ်သူအကျိုးရှိသလဲ လိုက်ကြည့်တော့ သူတို့ချမ်းသာတာတစ်ခုပဲ မြင်မိပါတယ်။ Microsoft စီးပွားဖြစ်တော့ အနည်းဆုံးတော့ Bill Gates ချမ်းသာတယ်ပေါ့ အဲဒီကတစ်ဆင့် Bill & Melinda Gates Foundation ဟာ ချို့တဲ့ပြီး လိုအပ်တဲ့နေရာတစ်ချို့မှာ တစ်စိတ်တစ်ဒေသ အကျိုးပြုနိုင်သေးတယ်။

သတင်းတစ်ခုထဲမှာ အောက်တိုဘာ ၈ ရက်နေ့က Dennis MacAlistair Ritchie ဆုံးသွားပြီဆိုတာ ဖတ်လိုက်ရတယ်။ Dennis M. Ritchie ဟာ ကွန်ပျူတာခေတ်မှာ အရေးပါတဲ့နေရာမှ ရှိနေခဲ့တယ် သူရဲ့အမွေတွေကို ဆက်ပြီးသုံးနေကြတယ် အခုအချိန်အထိ နှစ်ပေါင်းများစွာ မကျဆုံးပဲရပ်တည်နေတဲ့ C Programming Language ရဲ့ဖခင်ကြီးလို့ပြောရမယ်။ ၁၉၈၀ မှာ Dennis M. Ritchie နဲ့ Brian W. Kernighan အစပြုခဲ့တဲ့ C Language ဟာအခုအချိန်အထိ မဖြစ်မနေသုံးစွဲနေကြဆဲဖြစ်တယ်။ သူဟာ Unix System ကိုလည်း ပူးတွဲတည်ဆောက်ခဲ့တဲ့ လူတစ်ဦးလည်းဖြစ်တယ်။ တကယ်တော့ အင်တာနက်သုံးနေသ၍ Unix နဲ့ကင်းတယ်လို့ ဘယ်လိုမှပြောလို့မရနိုင်ပါဘူး အင်တာနက်ပေါ်က ဆာဗာအများစုဟာ Unix မဟုတ်ခဲ့ရင်တောင် သူ့ကိုအခြေခံတဲ့ Linux တွေဖြစ်နေတယ်။

အာဒမ်နဲ့ဧဝခိုးစားတဲ့ ပန်းသီးရယ် နယူတန်တွေ့လိုက်တဲ့ ကြွေကျတဲ့ပန်းသီးရယ် Steve Jobs ပေးတဲ့ပန်းသီးရယ်ဆိုပဲ တကယ်တော့ Steve Jobs ရဲ့ပန်းသီးလည်း Dennis M. Ritchie ပေးတာတွေနဲ့ တည်ဆောက်ထားရတယ် Objective C ဆိုတော့ နာမည်နဲ့တင် ပြောစရာမလိုတော့သလို တကယ်တော့အခု အချိန်မှာသုံးနေတဲ့ MacOSX တွေဟာ Dennis ရဲ့ Unix ကိုအခြေခံပြီးပြုပြင်ထားရတာပါ။ Bill Gates ဟာ BASIC Language ကိုအင်မတန် သံယောစဉ်ရှိပေမယ့် တကယ်တော့သူ့ရဲ့ OS တွေလည်း ၉၀% C or C++ ကိုသုံးနေရသလို Unix လွှမ်းမိုးမှု့အောက်က မလွတ်မြောက်ပါဘူး။ တကယ်တော့ Dennis လုပ်ခဲ့တဲ့အရာတွေဟာ တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ခဲ့ပဲ ခေတ်သစ်ကွန်ပျူတာ လောကတစ်ခုလုံးကို အကျိုးပြုသွားသလို အခုလည်း အကျိုးပြုနေဆဲပါပဲ သူဆုံးပါးသွားပေမယ့် သူ့ရဲ့တီထွင်မှု့တွေက ရှေ့ဆက်ပြီးလည်း အကျိုးပြုနေအောင် ထားသွားနိုင်ခဲ့တဲ့ လူတစ်ဦးပါပဲ။