Calm Hill My Random Thoughts

Raspberry Pi

အပျင်းပြေဆော့ရအောင် Raspberry Pi လေးတစ်ခုဝယ်လိုက်တယ် စင်္ကာပူမှာ Warehouse ရှိတော့ မနက်မှာလိုက်တာ ညနေပိုင်းမှာ အိမ်ကိုရောက်လာပါတယ်။ Raspberry Pi ဆိုတာ တကယ်တော့ ကွန်ပျူတာလေးပါပဲ ARM Processor လေးတပ်ထားတယ် USB ပါတဲ့အတွက် Keyboard တို့ Mouse တို့တပ်လို့ရတယ် HDMI ကနေ Monitor ကိုဆက်လို့ရတယ် Ethernet Port လည်းပါတဲ့အတွက် Network မှာတပ်လို့ရပါတယ် Storage အတွက် SDCard ထည့်လို့ရတယ် Audio and Video လည်း Input ထည့်လို့ရပါတယ်။ အရွယ်အစားက Credit Card တစ်ခုထက် နည်းနည်းပဲကြီးပါတယ်။

Raspberry Pi မှာ Hardware သမားတွေအတွက် တစ်ခုကောင်းတာက General Purpose Input/Output (GPIO) ပါတဲ့အတွက် Sensor တွေကနေ ဖတ်ချင်ရင်ရနိုင်သလို Circuit တွေကို Signal Output လုပ်ချင်ရင်လည်း Programming Language အလိုက် Library တွေပါတဲ့အတွက် အသုံးတည့်ပါတယ်။ Electronic Engineer တွေက Micro controller တွေ အလုပ်အတော်များများ လုပ်လို့ရနိုင်တယ် သိပ်အသုံးမတည့်ဘူး ပြောချင်ပြောကြပါလိမ့်မယ် ဒါပေမယ့် External System တွေနဲ့ အလွယ်တကူ Integrate လုပ်ဖို့အတွက်က Computer လိုအပ်ပါတယ် ကိုယ့်ရဲ့ Hardware System တစ်ခုကို Internet ပေါ်ကနေ Mobile Device နဲ့ Control လုပ်ချင်ပါတယ်ဆိုရင် အရာအားလုံး ကိုယ့်ရဲ့ Hardware System ထဲကနေလုပ်ဖို့ မလွယ်သလောက်ပါပဲ။ အဲဒီလို့နေရာတွေအတွက် ကွန်ပျူတာအကြီးကြီးမလိုတော့ပဲ စျေးချိုတဲ့ ကွန်ပျူတာလေးတစ်လုံး အဖြစ်အစားထိုးသုံးလို့ရပါတယ်။

Software သမားအတွက်ဆိုလည်း Computer ဖြစ်တဲ့အတွက် အသုံးဝယ်ပါတယ် အချိန်ရမယ်ဆိုရင် အတော်များများ စမ်းကြည့်လို့ရပါတယ်။ Raspberry Pi အတွက် Debian, Fedora စတာတွေကို Custom Build လုပ်ထားတာရှိပါတယ်။ ကိုယ့်မှာရှိတဲ့ Hardware ရဲ့ Limitation တွေနဲ့ကိုက်အောင် ရှိပြီးသား OS တစ်ခုကို ဘယ်လို Build လုပ်မလဲ လိုအပ်တဲ့ Software တွေဘယ်လို Build လုပ်မလဲ စမ်းကြည့်လို့ရပါတယ်။ OS Architecture လေ့လာချင်ရင်လည်း Cambridge ကလုပ်ထားတဲ့ Tutorial လေးတစ်ခု မြင်မိတယ် OS သေးသေးလေးတစ်ခု Raspberry Pi အတွက်ကိုယ်တိုင်လုပ်ရပါတယ် အချိန်တော့ပေးဖို့လိုသလို စိတ်ဝင်စားရင် စမ်းကြည့်လို့ရပါလိမ့်မယ်။

http://www.cl.cam.ac.uk/freshers/raspberrypi/tutorials/os/

ဘာရယ်လည်းမဟုတ်ဘူး Hardware ဆိုတာ ဘာလဲလို့မေးရအောင် မေ့နေတာကြာပါပြီ အားတဲ့အချိန်တွေမှာ စိတ်ကူးပေါက်ရာစမ်းဖို့ ဝယ်ထားတာပါ အခုတော့အားတဲ့အချိန်လည်း အတော်ကိုနည်းလာတဲ့ အချိန်ကိုရောက်လာတာ အတော်လေးဆိုးတယ် ကျောင်းသားဘဝ အချိန်အများကြီးရှိခဲ့ချိန်ကဆိုရင် အတော်လေးကောင်းလိမ့်မယ်။