Calm Hill My Random Thoughts

Steam Shrimp & Vegetables

အလုပ်မအားတာနဲ့ အရင်လိုလည်း မချက်ပြုတ်နိုင်တာကြာပါပြီ အပြင်မှာပဲအဆင်ပြေသလို ဝယ်စားနေတာများလာတယ် ဒါပေမယ့်လည်း ကြာလာတော့ တစ်ခုခုစားမယ်ဆိုပြီး ထွက်လိုက်ပြီဆိုရင် ဘာစားရမှန်းစဥ်းစားမရတာက အတော်လေးခက်တယ် အဲလိုနဲ့ပိတ်ရက်မှာတော့ တစ်ခုခုချက်စားဖြစ်ပါတယ် မအားလည်းအမြန်ဆုံး ချက်လို့ရမယ့်ဟင်းလည်း စဥ်းစားချက်ရတော့တယ်။ ဒီတစ်ပါတ်တော့ စျေးသွားရင်းနဲ့ ပုဇွန်တွေ့တာနဲ့ လွယ်လွယ်ကူကူ ပုဇွန်ကိုပေါင်းမယ်ဆိုပြီး အသီးအရွက်နည်းနည်းနဲ့ ဝယ်လာခဲ့တယ်။ ချက်တာကမခက်ပါဘူး ပုဇွန် ၁၅ ကောင်လောက်၊ မုန်လာဥအနီ၊ သံပုရာသီး၊ ဘရိုကိုလီ အဲဒါလေးတွေကို ရေနွေးငွေ့နဲ့ပေါင်းရုံပါပဲ ၁၀ မိနစ်လောက်ဆိုကျက်ပါတယ်။

Before Steam: Shrimp & Vegetables

After Steam: Shrimp & Vegetables