Calm Hill My Random Thoughts

ကျွန်ုပ်နှင့် TG401

ဒီတစ်ခေါက် မန္တလေးပြန်မယ်ဆိုတော့ ဘန်ကောက်ကနေ မန္တလေးကို AirAsia လေကြောင်းကနေ ဆွဲနေတာတွေ့တာရယ် ဘန်ကောက်မှာလည်း သွားစရာတစ်ခုရှိတာရယ်နဲ့ ဘန်ကောက်ကနေ ပါတ်ပြန်ကြည့်မယ်ဆိုပြီး စီစဉ်လိုက်တယ်။ အလုပ်အခြေအနေကြောင့် လက်မှတ်ကတည်း ကြိုတင်ပြီးတော့ မစီစဉ်နိင်လိုက်တော့ အချိန်ကပ်မှာပဲ လက်မှတ်ကိုဝယ်ဖြစ်တော့ Budget Airline တွေနဲ့ အခြား Airline တွေက စျေးနှုံးတွေကသိပ်ကွာခြားမှု့ မရှိသလောက်ဖြစ်နေတဲ့အတွက် Thai Airway နဲ့ပဲ ဘန်ကောက်ကိုသွားမယ်ဆိုပြီး လက်မှတ်ကိုဝယ်လိုက်တယ်။

သွားမယ့်ရက်မှာ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့မွေးနေ့နဲ့ တစ်ရက်ထဲဖြစ်နေတဲ့အတွက် အစ်ကိုဖြစ်သူကို မုန့်ကျွေးမယ်ဆိုတော့ လေဆိပ်ကိုစောသွားကြ ကံကောင်းထောက်မစွာပဲ ကိုယ်စီးမယ့်လေယာဉ်က Early Check-In ရတဲ့အတွက် အိတ်တွေစောစောအပ်လိုက်ပြီး Check-In လုပ်လိုက်ပြီး လေဆိပ်ထဲကဆိုင် တစ်ဆိုင်မှာပဲ မောင်နှမနှစ်ယောက် မုန့်စားကြတယ် စားပြီးတာတောင် အချိန်ကအတော်ပိုနေသေးပေမယ့် ညီမဖြစ်သူကိုပြန်လွှတ်လိုက်ပြီး စောစောစီးစီးပဲ Immigration ကိုဖြတ်ပြီးအထဲကို ဝင်လိုက်တော့တယ်။

လက်မှတ်ကိုကြည့်လိုက်တော့ Gate D36 ဆိုတော့ D36 ရှိတဲ့ဘက်က Duty Free ဆိုင်တွေကိ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဘာမှမဝယ်ပဲလည်ကြည်ရင်းနဲ့ Gate D36 ကိုရောက်ခဲ့တော့တယ် Gate ရှေ့က Monitor မှာက Indonisia Airline တစ်ခုကိုပြထားတာတွေ့တာနဲ့ ဘေးနားမှာတွေ့တဲ့ Security တစ်ယောက်ကိုမေးလိုက်တော့ Screen ရဲ့အောက်ခြေမှာ ရေးထားပါတယ်ဆိုတော့ ကိုယ်စီးရမယ့် TG401 ဟာ Gate D36 ကနေ C13 ကိုရွေ့ထားပါတယ်လို့ ကြေငြာထားတယ်။ တကယ်တော့ Gate C & D ဟာ Terminal 1 ရဲ့တစ်ဘက် အစွန်စီမှာရှိတဲ့အတွက် အတော်လေးလှမး်ပါတယ် ဒါပေမယ့် Boarding Time ကလည်း နီးလာပြီဆိုတော့ Gate C ဘက်ကို သုတ်ခြေတင်ရတော့တယ်။

C13 ကိုရောက်တော့ လူကချွေးဒီးဒီးကျနေပါပြီ Gate ကလည်း Open ဖြစ်နေတဲ့အတွက် မောမောနဲ့ပဲအထဲကို ဝင်ထိုင်နေလိုက်တော့တယ်။ ထိုင်နေရင်းနဲ့ Boarding Time ရောက်လာတဲ့အထိလည်း Gate ရှေ့မှာလေယာဉ်မတွေ့သေး အဲဒါနဲ့လေကြောင်းလိုင်းကို​မေးကြည့်တော့ ဘန်ကောက်ကနေထွက်လာတဲ့ လေယာဉ်ဟာအခုထိ စင်္ကာပူကိုရောက်မလာသေးပါတဲ့ ခန့်မှန်းခြေ ၁ နာရီလောက် နောက်ကျပါမည်ဆိုတော့ ပြေးလာရလို့မောတဲ့ဝေဒနာအပြင် ဒေါသထွက်တဲ့ဝေဒနာပါ ထပ်တိုးပါတော့တယ်။ အဲဒီတော့ သူများလည်းစောင့် ကိုယ်လည်းစောင့် Gate ထဲမှာငုတ်တုတ်ပေါ့လေ စောင့်နေတုံးကို ဘန်ကောက်ရောက်နှင့်နေတဲ့ ဆရာဖြစ်သူကဖုန်းဆက်တယ် Taxi ပေါ်ရောက်နေပြီလား လိပ်စာပြောတတ်ရဲ့လားဆိုတော့ ဘန်ကောက်ကို မရောက်သေးတာ စင်္ကာပူမှာတင် သောင်တင်နေတယ်ဆိုတော့ ငိုအားထက်ရယ်အားသန် ဖြစ်ရတော့တယ်။ ပြောတာကတော့ ၁ နာရီခန့်ဆိုပေမယ့် ၁ နာရီနဲ့ ၄၅ မိနစ်လောက်နောက်ကျမှပဲ လေယာဉ်ထွက်နိုင်ခဲ့တာပါ။

မန္တလေးအပြန်မှာလည်း သုဝဏ္ဏဘူမိလေဆိပ်ကို စောရောက်လာခဲ့မိပြန်တယ် Check-In ဝင်ထားလိုက်တော့ ကောင်တာက အမျိုးသမီးက အရမ်းစောနေတဲ့အတွက် Gate မသေချာသေးပါဘူးတဲ့ လေဆိပ်ထဲဝင်မှာသာ Information Counter က Screen ပေါ်မှာပဲ Gate ကိုကြည့်ပါဆိုတော့ လက်မှတ်ကိုကြည့်လိုက်မိတော့ အပြန်လည်းလေယာဉ်က TG401 အဲဒါနဲ့ ငါ့အလာတုံးကလည်း အဲလိုပဲ Gate မှားပေးတာ ဟိုဘက်ထိပ်သည်ဘက်ထိပ် ပြေးလိုက်ရတယ်ဗျလို့ဆိုတော့ အဲလိုလွဲမှာစိုးလို့ ရေးမပေးတာပါလို့ပြန်ဖြေတယ်။ TG401 မြင်ကတည်းက စိတ်ကလည်း တစ်ထင့်ထင့်ြဖစ်နေမိတယ် ဘာမှမဖြစ်ပါဘူးလေဆိုပြီး ဝင်လာခဲ့လိုက်တော့ Security Check မှာ ခြေဆုံးခေါင်းဆုံးစစ်ပါတယ် ခါးပါတ်ကနေ နောက်ဆုံးစီးထားတဲ့ ဖိနပ်ပါမကျန်ချွတ်ခိုင်းပြီးတော့ Scan လုပ်ပါတော့တယ်။

Gate ထဲမှာထိုင်နေရင်းနဲ့ လေယာဉ်ကြီးမထွက်မချင်း စိတ်ကလည်းတစ်ထင့်ထင့်နဲ့ပေါ့ ဒါပေမယ့်ဒီတစ်ခါတော့ Gate ထဲကနေ စီးရမယ့်လေယာဉ်ကြီးကို မြင်နေရတော့ နည်းနည်းတော့စိတ်ချမ်းသာပါတယ်။ ဒီတစ်ကြိမ်တော့ TG401 ကြီးအချိန်မှန်မှန်ပဲ သုဝဏ္ဏဘူမိလေဆိပ်ကနေ ထွက်လာခဲ့ပြီးတော့ စင်္ကာပူကိုအချိန်တိတိကျကျပဲ ရောက်လာပါတော့တယ်။ နောက်ကျတယ်ဆိုတာက တစ်ခါတစ်ရံမှာတော့ ဖြစ်တတ်တာပါပဲလို့ စိတ်ကတွေးမိရင်းနဲ့ Immigration ကိုဖြတ်ပြီးတော့ Baggage တွေရွေးတဲ့နေရာရောက်တော့ ခရီးသည်အတော်များများလည်း စောင့်နေကြပါပြီ။ စောင့်နေရင်းနဲ့ အိတ်တွေက ၁၀ မိနစ်လည်းထွက်မလာ ၁၅ မိနစ်လည်းထွက်မလာနဲ့ လူတွေလည်း တစ်မျှော်မျှော်နဲ့ပေါ့ ခဏနေတော့ ကြေငြာချက်ထွက်လာတယ် Extra Security Check လုပ်နေရတဲ့အတွက် အိတ်များနောက်ကျပါမည်ဆိုတော့ ကိုယ်တိုင်ကပဲ TG401 နဲ့အကျိုးမပေးလေသလား အဲလိုနဲ့ပဲအိတ်တွေက နောက်ထပ် ၁ နာရီလောက်နေမှ ထွက်လာပါတော့တယ် နောက်တစ်ကြိမ်ဆိုရင်တော့ တစ်ခြားနံပါတ်ပြောင်းဝယ်ကြည့်မယ် စဉ်းစားပြီးတော့ပဲ အိမ်ပြန်လာခဲ့ရတော့တယ်။