Calm Hill My Random Thoughts

WP-MathJax Plugins

Equation တွေရေးစရာရှိတာနဲ့ Web မှာ Equation တွေ Rendar လုပ်တာကိုပြန်လိုက်ရှာဖြစ်တယ် အရင်ကတော့ Image အဖြစ်နဲ့ Rasterize လုပ်ယူပြီးတော့ပုံနဲ့ပြတယ်။ Equation ကို Define ဘယ်လိုလုပ်မလဲက Standard မဟုတ်ပေမယ့် LaTeX ဟာအသုံးအများဆုံးပါ တခြား Word Processor တွေမှာ Standard အနေနဲ့သုံးတဲ့ Markup ရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘူး။ Web မှာ Mathematics အတွက် MathML ကို Standard သတ်မှတ်ထားတာရှိတယ် ဒါပေမယ်လို့ အခုအချိန်အထိတော့ Render လုပ်ပေးတဲ့ Browser မရှိသေးပါဘူး။

အခုနောက်ပိုင်းမှာ Image အစား Text နဲ့ရအောင် Style ကိုလုပ်ယူကြတယ် အဲဒီအထဲမှာ MathJax ဟာ Stable အဖြစ်ဆုံးဖြစ်လာတယ်။ Engineering Journal တွေဖြစ်တဲ့ IEEE, Elsevier လိုတွေမှာ MathJax ကိုစပြီးတော့သုံးလာတယ်ဆိုတော့ အတော်လေးကို Stable ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ သုံးတာကလွယ်ပါတယ် MathJax CDN ကနေပြီးတော့ JavaScript File ကို ဆွဲထည့်ပြီး Configuration ကိုရွေးရုံပါပဲ အသေးစိတ် Configure လုပ်ချင်ရင်တော့ ကိုယ်တိုင်ပဲ Configuration File တွေကိုဖြည့်ရေးရတယ်။

Markup အနေနဲ့က LaTeX ရယ် MathML ရယ် နှစ်မျိုးစလုံးလက်ခံပါတယ်။ LaTeX ဆိုရင်တော့ Shortcode အနေနဲ့ Default Configuration အတွက်က $$ နှစ်ခုကြားမှာ ရေးရင်ရတယ် MathML ကတော့ ဘာမှမလိုပါဘူး ဒီအတိုင်းပဲရေးလိုက်ရင်ရပါတယ် Configuration မှာတော့ ဘာနဲ့ရေးမယ်ဆိုတာတော့ Define လုပ်ပေးထားရတယ်။ ကျန်တဲ့ Rendering ကတော့ MathJax Javascript တွေကနေ လုပ်သွားတာဆိုတော့ တကယ်တော့ဘာမှမလုပ်ရပါဘူး။

LaTeX

$$J_\alpha(x)=\sum\limits_{m=0}^\infty\frac{(-1)^m}{m!\,\Gamma(m+\alpha+1)}{\left({\frac{x}{2}}\right)}^{2m+\alpha}$$

Equation

$$J_\alpha(x)=\sum\limits_{m=0}^\infty\frac{(-1)^m}{m!\,\Gamma(m+\alpha+1)}{\left({\frac{x}{2}}\right)}^{2m+\alpha}$$

အားနေတာနဲ့ Wordpress Plugins တစ်ခုလုပ်ထားလိုက်တယ် သူများရေးထားတာ ၂ခု ၃ခုတွေ့တယ် ဒါပေမယ့် Config တွေကို ကိုယ်သုံးချင်သလိုမရလို့ ခက်ခဲတာလည်းမဟုတ်ဆိုပြီး ရေးထားလိုက်တယ်။ တကယ်ရည်ရွယ်တာက Plugins ထဲမှာ MathJax ရဲ့ Local Library ထားပြီးတော့ ကိုယ်ပိုင် Site ထဲကပဲ JavaScript တွေကို Loading လုပ်မယ်ဆိုပြီးတော့လုပ်တာ။ ရေးပြီးတော့စမ်းတော့လည်း အလုပ်လုပ်ပါတယ် ဒါပေမယ့် Wordpress ကို New Plugin အတွက် Request လုပ်လိုက်တော့ နမူနာပေးလိုက်တဲ့ Plugin ကို Size နည်းနည်းကြီးနေတယ်တဲ့ Install လုပ်လို့ရပါ့မလားဆိုပြီး Reply ပြန်လာပေမယ့် Approve လုပ်ပေးလိုက်ပြီး Svn ကို Setup လုပ်ပေးလိုက်တယ်။

MathJax အတွက် Local ကအားလုံးပေါင်းကို 15MB ရှိတယ် တကယ်က 15MB ဆိုတာအခုခေတ်အတွက်က များတယ်တော့မဟုတ်ဘူး ဒါပေမယ့် Initial Commit လုပ်တဲ့အချိန်မှာ သတိထားလိုက်မိတာက File သေးသေးလေးတွေပဲ ၄ သောင်းလောက်ပါတယ် Commit ဟာ ဘယ်လိုမှလုပ်လို့မရဘူး File ပေါင်း ၄ ထောင်လောက်ရောက်လိုက် Wordpress ဘက်က Connection ကိုဖြတ်ချလိုက်နဲ့ ၅ ရက်လောက် အပိုင်းပိုင်းခွဲတင်မှ အကုန်လုံးရောက်သွားတယ် Install စမ်းလုပ်ကြည့်တော့ Download က သိပ်မကြာပေမယ့် File အများကြီးကို Extract လုပ်တဲ့အချိန်မှာ PHP တွေက Memory Limited တွေဆိုတော့ Server အတော်များများမှာ Fail ဖြစ်ပါတယ်။

Plugin’s URL

http://wordpress.org/extend/plugins/wp-mathjax/

အဲဒါနဲ့ Install လုပ်လို့မရတဲ့ဟာလည်း အပေါ်မှာဒီအတိုင်းလည်း ထားလို့ကလည်းမဖြစ် စိတ်ရှည်လက်ရှည်တင်ပြီးမှ မရတော့လည်းစိတ်ကတို ဒါပေမယ့် မဖြစ်သေးပါဘူးဆိုပြီး လတ်တလောအနေနဲ့ Local MathJax ကိုဖြုတ်ပြီးတော့ CDN ကနေတဲ့ထည့်တာကိုထားလိုက်တယ် Configuration တွေက အသေးစိတ်ဆိုရင် Inline ရယ် Local Config ထည့်တာရယ် ကျန်နေသေးတယ် အဲဒါလည်းနောက်ထပ် Version မှပဲထည့်ရတော့မယ် Local အတွက်ကလည်း လက်မလျော့သေးပါဘူး သက်ဆိုင်ရာ Config တစ်ခုချင်းအလိုက် Archive လုပ်ထားပြီး Plugin ထဲကနေ Install လုပ်ချင်မှပဲ ဆွဲယူပြီးထည့်မယ်လို့တော့ စဉ်းစားထားတယ် နောက်မှပဲဖြည့်တော့မယ် Document တွေလည်း အသေအချာမရေးရသေးပါဘူး။ အသုံးတည့်တယ်ဆိုရင်တော့ စမ်းကြည့်လို့ရပါတယ် ဒါပေမယ့် Equation ဆိုတော့ လူအများစုကတော့ သိပ်အသုံးတည့်မယ်တော့ မဟုတ်လောက်ဘူး။