Calm Hill My Random Thoughts

MongoDB for Developers

10gen ကနေ Online အနေနဲ့ MongoDB ကိုသင်နေတာရှိတယ် တက်ကြည့်ဦးမယ်ဆိုပြီး မေ့ပြီးတော့ အချိန်ကျော်ကျော်သွားတယ်။ အခုနောက်ပိုင်း ရုံးပိတ်ရက်တွေ အားနေသလိုဖြစ်တာနဲ့ ဒီတစ်ခေါက်တော့ မဖြစ်ဖြစ်အောင်တော့ တက်ဦးမယ်ဆိုပြီး MongoDB for DBAs ကိုတက်ဖို့စောင့်ရင်း MongoDB for Developers ကိုတက်နေလိုက်တယ်။

MongoDB for Developers မှာ Course က ၇ ပါတ်သင်ရမယ် အပါတ်စဉ်အနေနဲ့ Video Lecture တွေပေးထားတယ် Lecture တစ်ခုစီမှာ လိုအပ်ရင် Quiz တွေဖြေခိုင်းတတ်တယ် ပြီးရင်တော့ Homework တွေက အပါတ်စဉ် Dead Line နဲ့တင်ရမယ်။ နောက်ဆုံးတစ်ပါတ်မှာ Final Exam ရှိလိမ့်မယ်။ အမှတ်အနေနဲ့ Homework (50%) + Final Exam (50%) မှာ 65% ရရင် သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးပါတယ်။

MondoDB ရဲ့ပြဿနာက Relational Database တွေလို Standard Query Language မရှိပဲ Query အစား API ပဲရှိတဲ့အတွက် Programming Language တစ်ခုဟာ လေ့လာရင် မဖြစ်မနေလိုတယ်။ အဲဒါကြောင့် MongoDB for Developers မှာ M101P နဲ့ M101J ဆိုပြီး နှစ်မျိုးရှိတယ် Programming Language ကို Python ဒါမှမဟုတ် Java နဲ့ဆိုပြီးတော့ နှစ်ခုခွဲထားတယ်။

M101P ကိုဒီတစ်ပါတ်မှာစတော့ စိတ်ဝင်စားစရာကောင်းပါတယ် MongoDB အကြောင်း Python အကြောင်း အခြေခံတွေ Video Lecture တွေရှိတယ် ပြီးရင်တော့ Quiz တွေဖြေခိုင်းတယ်။ ဒါပေမယ့် Programming သင်တာမဟုတ်တော့ Programming Concept မရှိတဲ့လူသင်ရင်တော့ မဖြစ်နိုင်ဘူးလို့ထင်တယ် Python သိစရာမလိုပေမယ့် Concept တော့ သိပြီးသားဖြစ်ရမယ်။

Programming ဦးစားပေးမဟုတ်တဲ့အတွက် တတ်နိုင်သလောက်တော့ Course မှာ တိုက်ရိုက်မပါတ်သက်အောင်တော့ လျှော့ထားတယ် Example က Web System ဖြစ်တဲ့အတွက် သုံးရတဲ့ Framework ကိုတောင် ရှုပ်ရှုပ်ထွေးထွေးဖြစ်မှာစိုးလို့ Very Lightweight ပဲသုံးပြီးတော့ Example တွေမှာရေးပါတယ်။ Homework တွေကိုလည်း တတ်နိုင်သလောက် Programming ဘက်ကနေ Database ဘက်ကိုဦးစားပေးအနေနဲ့ ရအောင်ဆွဲထားတယ်။

https://education.10gen.com/courses

အခက်အခဲရှိနိုင်တာက Video Lecture ပဲရှိတယ် Reading မရှိပါဘူး နောက်လာမယ့် အတန်းတွေတော့ Reading ကိုလည်း ပေးရင်ပေးပါလိမ့်မယ်။ စပြီးတော့ လေ့လာမယ့်လူတွေအတွက် ကောင်းပါတယ် အောင်ဖို့ကလည်းမခက်ခဲပါဘူး ၆၅% ဆိုတာအလွယ်တကူ ရနိုင်ပါတယ်။ စိတ်ဝင်စားရင် 10gen Eduction မှာ Register လုပ်ပြီးတော့ အလကားတက်လို့ရပါတယ်။ Advance အတွက်ကတော့ အားမပေးပါဘူး လက်တွေ့အရမ်းဆန်ပြီးတော့ Beginner အတွက်ပဲ ရည်ရွယ်ထားတာပါ။