Calm Hill My Random Thoughts

Secure Shell Chrome Extension

Windows ပေါ်မှာ အများအားဖြင့် SSH Client အတွက်က Putty ကိုသုံးလေ့ရှိတာ ကိုယ်သုံးချင်တဲ့ Server တွေအတွက် Configure လုပ်ထားရင် Setting တွေက Save လုပ်ထားလို့ရတယ် Mac or Linux ပေါ်ရောက်ရင် နည်းနည်းဂွကျတယ် SSH Client ပါပေမယ့် Key Files တွေလည်း ရှပ်နေလေ့ရှိတာနဲ့ Setting တွေသိမ်းထားချင်ရင် Script တွေရေးထားရတယ် တစ်ခါတစ်လေ ဘယ်နားသိမ်းမိမှန်းမသိတော့ လိုက်ရှာရပြန်တယ်။

တစ်လောက Chrome မှာ Extension တစ်ခု Secure Shell ဆိုတာတွေ့လို့ စမ်းကြည့်တော့ အဆင်ပြေတယ် ကိုယ်ကလည်း အများဆုံးသုံးတာက Browser ဆိုတော့ ဘယ်မှသွားစရာမလိုတော့ဘူး ဒါပေမယ့်ပြဿနာက Username & Password နဲ့သုံးလို့ရပေမယ့် Private Key နဲ့သုံးလို့မရဘူး Setting ပါပေမယ် Import လုပ်လို့မရဘူး။ Google လုပ်ကြည့်တော့ Import လုပ်ရင် Private Key တစ်ခုနဲ့မရဘူး Public Key ပါ ၂ဖိုင်လုပ်ဆိုတော့ စမ်းကြည့်တော့လည်းမရပါဘူး။ အများအားဖြင့် ကိုယ်သုံးတာက Key နဲ့ဆိုတော့ သိပ်အသုံးမတည့်တော့ ပစ်ထားလိုက်တယ်။

https://chrome.google.com/webstore/detail/secure-shell/pnhechapfaindjhompbnflcldabbghjo

ဒီပိတ်ရက်က အချိန်နည်းနည်းရသလို စိတ်ကူးပေါက်တာနဲ့ သူ့အထဲကကုဒ်တွေကို ဖြည်ကြည့်တော့ သူ့ကုဒ်ထဲမှာက Private Key File ကို Extension မပါဘူးလို့ယူဆပြီး Public Key Filename ကို နောက်ကနေ .pub လို့ဆက်ထား ကိုယ်ပေးလိုက်တဲ့ Private Key တွေက Extnesion က pem ဖြစ်နေတော့ filename.pem.pub မတွေ့တော့ Import Error တက်နေတာ အဲဒါနဲ့ Private Key တွေကို Extension ကိုဖျက်လိုက်ပြီး Import လုပ်လိုက်တော့ သုံးလို့ရသွားတယ်။ သုံးရတာက အဆင်ပြေပါတယ် Browser ပေါ်ကနေဆိုတော့ တစ်ခြားအလုပ်လုပ်နေရင်းလည်း SSH သုံးချင်လို့ တစ်ခြား Program ဖွင့်စရာမလိုတာပေါ့။

တစ်ခုစဉ်းစားစရာက Private Key တွေကို ကိုယ်ပေးထားတဲ့ File ကို လိုအပ်တဲ့အချိန်မှ ယူသုံးတာမဟုတ်ပဲ သူ့ရဲ့ Local Storage ထဲကိုကူးထည့်သွားတယ် အဲဒါဘယ်လောက် စိတ်ချရမလဲစမ်းကြည့်ဖို့လိုမယ် ပုံမှန်အားဖြင့်တော့ စက်ကို Physically Access လုပ်လို့ရမှတော့ အပြင်မှာထားလည်း File တွေက Access လုပ်လို့ရနေပြီ ဒါပေမယ့် Browser ဖြစ်တဲ့အတွက် Browser ရဲ့ Vulnerability တစ်ခုခုမှာ မတော်တဆအနေနဲ့ အပြင်ရောက်သွားနိုင်တာ ရှိနိုင်မလားတော့ စဉ်းစားသင့်တယ် တကယ်တော့ Private Key ဟာ Sensitive Data ပါ Browser ရဲ့ Local Storage မှာတော့ သိမ်းမထားသင့်ဘူး။