Calm Hill My Random Thoughts

Cleaning Personal Twitter with Lists

Google Reader ပိတ်လိုက်တော့ ကိုယ့်အတွက်က ထိခိုက်မှုများပါတယ် အရင်က RSS ကိုအများအားဖြင့် Technical News တွေဖတ်ဖို့သုံးတယ်။ မြန်မာ Website တွေ သတင်းတွေကိုလည်း Subscribe လုပ်ထားပြီး နေ့တိုင်းဖတ်ဖြစ်တယ် နောက်တော့ သတင်းနဲ့ အတင်း တစ်ဖြည်းဖြည်း ကွာခြားလာတဲ့နောက် မျက်စေ့နောက်လာရင် Unsubscribe လုပ်ရင်းလုပ်ရင်း မြန်မာလိုကျန်တာဆိုလို့ သူငယ်ချင်းတွေရဲ့ Blog တွေပဲကျန်တော့တယ်။

Google Reader ပိတ်မယ်ဆိုကတည်းက အစားထိုးဖို့ရှာပေမယ့် Reader ကောင်းကောင်းမွန်မွန် မတွေ့တာနဲ့ရယ် Site တော်တော်များများက Twitter နဲ့လည်း ပုံမှန်အားဖြင့် Tweet လုပ်နေတာနဲ့ Personal Account ကနေ Follow လုပ်ပြီးတော့ Twitter ကို RSS Feed အစားထိုးသုံးနေတာ နည်းနည်းကြာပြီ။ Twitter မှာ အခက်အခဲက Read or Unread မသိတာတစ်ခုပဲ အဲဒီတော့ သတင်းတွေက ဆင်နေရင် ဒါမှမဟုတ် မအားလို့ ဘာမှမဖတ်နိုင်တဲ့ ရက်တွေကြာသွားရင် ဘယ်ကစဖတ်ရမှန်းမသိနဲ့ အတော်လေးကိုဂွကျပြီ။

အဲဒါအတွက်ကတော့ အကုန်အကျခံလိုက်ရတယ် Tweetbot ကိုဝယ်လိုက်တယ် Tweetbot က Mobile App က စျေးမကြီးပေမယ့် Mac အတွက်ကတော့ စျေးအတော်အသင့်ကြီးတယ်။ ပေးရတဲ့ပမာဏနဲ့ လိုချင်တဲ့ Features ရတာကတော့ တန်ပါတယ် Mobile ပေါ်ကဖတ်လက်စ ကွန်ပျူတာပေါ်ရောက်လည်း Sync လုပ်ပေးတော့ ဘယ်နေရာကဆက်ဖတ်ရမယ် သိပြီးသားဖြစ်တော့ ကြုံရာနေရာက ဖတ်တဲ့လူအတွက်က အဆင်ပြေတယ်။

အဲဒီလိုဖတ်နေရင်းနဲ့ ပြဿနာက ကြာလာနဲ့အမျှ Follow လုပ်ရင်းလုပ်ရင်းနဲ့ Social Network အဖြစ်ကနေ Timeline မှာ သူငယ်ချင်းတွေကို မမြင်သလောက်ဖြစ်ပြီးတော့ News Tweets တွေကြည့်ဖြစ်ကုန်တယ် တစ်ချို့တွေကလည်း သတင်းဆိုက်တွေဆိုတော့ အနည်းဆုံး ၁၀ မိနစ်ခြားတစ်ခါ Tweet လုပ်ကြတော့ ကိုယ်လည်း အတော်မျက်စေ့နောက်လာတယ် အဲဒါနဲ့ Twitter ကိုရှင်းလင်းရေးလုပ်ရတော့တယ်။

ကိုယ်စိတ်ဝင်စားတဲ့ ဖတ်ချင်တဲ့သတင်းတွေကို အမျိုးအစားခွဲလိုက်တယ် News, Tech Magazine, Tech Tips, Development, Security စသည်ဖြင့်ခွဲပြီးတော့ List တွေ Twitter မှာ Create လုပ်လိုက်တယ်ပြီးတော့ Follow လုပ်ထားတဲ့ လူတွေကို သက်ဆိုင်ရာ List တွေမှာထည့်ပြီးတော့ Unfollow လုပ်လိုက်တယ်။ List တွေရပြီဆိုရင် Follow မလုပ်ထားလည်း List Tweets တွေကို ဖတ်လို့ရတာပါပဲ။ Follow လုပ်ထားမိတဲ့ Account တွေများတော့ List တွေထဲကိုထည့်ရတာ တစ်ခုချင်းလိုက်ထည့်ရင် အတော်လေးလက်ဝင်တယ်။ Twitlistmanager ဆိုတဲ့ Site တစ်ခုက List တွေကို Manage လုပ်ရတာ အဆင်ပြေတယ်။

http://twitlistmanager.com/

ဖြုတ်ထုတ်သတ်လုပ်ပြီး List တွေထည့်ပြီးတဲ့အချိန်မှာ အတော်လေးစိတ်ချမ်းသာသွားတယ် Timeline မှာ Friend တွေကိုပြန်မြင်ရပြီ တပြိုင်ထဲမှာပဲ အားတဲ့အချိန် ဖတ်ချင်တဲ့ သတင်းအမျိုးအစားကို List အလိုက်သွားဖတ်လို့ရပြီ။ Tweetbot မှာ Timeline က List တွေကို အလွယ်တကူပြောင်းလို့ရတော့ ဖတ်ရတာပိုအဆင်ပြေတယ်။ TweetDeck လို Client မှာလည်း List အလိုက် ကြည့်လို့လွယ်ပါတယ်။ Twitter အတွက် Policy တစ်ခုထားလိုက်တယ် သူငယ်ချင်းဆိုရင် Follow လုပ်တယ် မဟုတ်ရင်တော့ List ထဲပဲထည့်လိုက်ပြီး Social Network နဲ့ Reader အဖြစ်နဲ့တစ်ခုထဲ ပေါင်းသုံးလိုက်တော့တယ်။