Calm Hill My Random Thoughts

Vim to Emacs

Program ရေးစရာရှိရင်ပဲဖြစ်ဖြစ် Server ပေါ်က Configuration ပြင်ရင်ပဲဖြစ်ဖြစ် Vim ကိုအတော်များများသုံးဖြစ်တယ် Vim သမားတွေပြောသလို Vim ဟာ မူးယစ်ဆေးလိုပဲ စွဲတတ်တယ် ဆိုကြသလို မတတ်သာလို့ တခြား Editor သုံးရရင်တောင် Vim Plugin မရှိဘူးလား လိုက်ရှာဖြစ်တယ် ဘယ်လိုပဲ သဘောကျကျ အဓိကပြဿနာက Vim မှာ Monospaced Font တွေပဲ Support လုပ်တဲ့အတွက် ဘယ်လိုမှ မြန်မာလိုရေးလို့ မရပါဘူး။ ပြင်လို့ရမလား လေ့လာပေမယ့် ပြင်လို့ရမယ့် အခြေအနေလည်း မရှိသလို Vim Develop လုပ်တဲ့လူတွေကလည်း Monospaced Font ကနေ ပြောင်းဖို့ အစီအစဉ်လည်း မရှိကြပါဘူး။

Vi-Emacs Vi-Emacs Image From: http://michael-prokop.at/computer/images/vi-emacs-final.png

Editor War ထဲကိုဝင်ပါတာ မဟုတ်ပေမယ့် Emacs မှာတော့ Unicode တွေကို​ ကောင်းကောင်း Support လုပ်ပါတယ် ကိုယ်လိုချင်တာက Multiplatform ဖြစ်ရမယ် UI ရော Command line ပါသုံးလို့ရရမယ် Program ရေးဖို့လည်း အကောင်းဆုံးအခြေအနေ ရှိရမယ်ဆိုတော့ ရွေးစရာလည်း များများမရှိ Vi မသုံးရင် Emacs ပဲရှိတာ Vim နဲ့ အသားကျနေတဲ့လူက Emacs မှာ တော်တော်လေး ကသီလင်တနိုင်ပါတယ် Shortcut တွေရောကုန်တယ် Emacs ရဲ့အခက်အခဲက Combination Keys တွေပါ Vim ရဲ့ Command Mode မှာတော့ Common Keys တွေနဲ့ Navigation လုပ်တာကိုတော့ ပိုသဘောကျနေတုံးပါပဲ ကျန်တာကတော့ သိပ်ပြီးတော့ ကွာခြားတယ်တော့ မခံစားမိပါဘူး။

GNU ရဲ့ Emacs ကနေပြီးတော့ Windows အတွက်နဲ့ Linux အတွက် Build လုပ်ပြီးသား Emacs ကို Download လုပ်လို့ရပါတယ်။ Linux အတွက်ကတော့ တကယ်က ကိုယ်သုံးတဲ့ Distro အပေါ်မတူတည်ပြီးတော့ သက်ဆိုင်ရာ Package ကိုသုံးပြီး Install လုပ်တာက ပိုအဆင်ပြေတယ်။ Mac အတွက်ကတော့ Build လုပ်ပြီးသားကတော့ Emacs for Mac OS X ကိုသုံးရင်ရတယ် Mac Native UI ပုံစံလိုချင်ရင်တော့ Aquamacs ကိုသုံးရင်လည်းရတယ်။ Key အသစ်တွေနဲ့ လုံးလည်လိုက်စ ပြုနေပါပြီ စပြီးသုံးတာဆိုတော့ အခက်အခဲတော့ရှိပါတယ် နည်းနည်းခက်လည်း Vim Mode နဲ့ package တွေ ထည့်မသုံးတော့ပါဘူး ဒါမှပဲအသစ် တခုလည်း လေ့လာပြီး ြဖစ်လာလိမ့်မယ်။