Sync - Emacs Packages
Mon 11 November 2013ကွန်ပျူတာအများကြီးနဲ့ အလုပ်လုပ်ရတဲ့ပြဿနာက သုံးနေကျ Tools တွေကို Consistent ဖြစ်အောင် Install လုပ်ရတဲ့ဒုက္ခကလည်း Tools တွေများတာနဲ့အမျှ အလုပ်များပါတယ် အဲဒါကြောင့် တစ်ခါပဲ Install လုပ်ပြီးရင် တခြားစက်တွေအတွက် Install ထပ်လုပ်စရာ မလိုတော့အောင် Sync လုပ်ထားဖို့ အမြဲတမ်း စဉ်းစားရတယ်။ Emacs သုံးဖြစ်တော့လည်း Install လုပ်ထားတဲ့ Packages တွေကို စက်တိုင်းမှာ Sync လုပ်ဖို့ ပြန်ပြီးတော့ စဉ်းစားရတယ်။
Vim ကိုသုံးနေတုံးက Vim Scripts တွေကို Dropbox ထဲက တနေရာမှာ သွားထည့်ထားလိုက်ပြီးတော့ Vim Config ထဲမှာ Scripts တွေထည့်ထားတဲ့နေရာ သွားညွှန်ပေးလိုက်တာ Update လုပ်ချင်ရင် အများအားဖြင့် Scripts တွေကို Git ကနေ Clone လုပ်ယူထားတော့ Git နဲ့ပဲ Update လုပ်လိုက်တယ်။ Emacs မှာက Packages တွေအတွက် Packages Manager ရှိပြီးသားဖြစ်တဲ့အတွက် Update လုပ်ချင်တာလွယ်တယ် ဒါပေမယ့် Sync လုပ်ချင်တော့ Packages Manager ကနေ Install လုပ်တဲ့ Default Path တွေကိုပြင်ရတာ အလုပ်များတယ်။
ဒီတစ်ခါတော့ အလွယ်ဆုံးနည်းကို စဉ်းစားမိသွားတယ် Emacs မှာ Config file က ~/.emacs ရယ် Packages တွေကို Install လုပ်တာက ~/.emacs.d/ အဲဒီတော့ Dropbox ထဲမှာ Emacs ဆိုပြီး Directory တခုထား အဲဒီ့အထဲမှာ .emacs နဲ့ .emacs.d ကို ရွှေ့လိုက်ပြီး Home directory အောက်မှာ symbolic or soft link အဖြစ်နဲ့ ~/.emacs ရယ် ~/.emacs.d ကို Create ပြန်လုပ်လိုက်ရုံပါပဲ။ Soft link ရှိနေတော့ Application က Home directory ထဲက File ကိုပဲပြင်လည်း Dropbox မှာ Sync လုပ်ပြီးသား ဖြစ်သွားတာပါပဲ။ သုံးချင်တဲ့ စက်ကနေသုံး Install လုပ်ချင်ရင်လုပ် Sync က Dropbox တာဝန်ယူလိမ့်မယ် ရောက်တဲ့စက်မှာ Install လုပ်ထားရဲ့လား ပူပန်နေစရာ မလိုတော့ဘူးပေါ့။
Windows
mklink C:\Users\user1.emacs C:\Users\user1\Dropbox\Emacs.emacs
mklink /D C:\Users\user1.emacs.d C:\Users\user1\Dropbox\Emacs.emacs.d
Linux & Mac
ln -s ~/Dropbox/Emacs/.emacs ~/.emacs
ln -s ~/Dropbox/Emacs/.emacs.d ~/.emacs.d