Calm Hill My Random Thoughts

Myanmar Input Methods for Emacs

မြန်မာလိုရေးလို့ အဆင်ပြေလို့ဆိုပြီး Vim ကနေ Emacs ပြောင်းသုံးပေမယ့် လုံးလုံးလျားလျားတော့ အဆင်ပြေလှတယ် မဟုတ်လှဘူး အထူးသဖြင့် Emacs မှာက Key Combinations တွေက OS မှာသုံးတဲ့ Keyboards တွေကို သုံးနေတယ်ဆိုရင် အလုပ်မလုပ်ပါဘူး။ တခါတခါ ကီးဘုတ်ကို သတိမရပဲနဲ့ ကိုယ်ကမေ့ပြီးတော့ Key တွေနှိပ်ပြီး ဘာမှလည်းဖြစ်မလာမှ ကီးဘုတ်ကို တခါပြန်ပြောင်းပြီး Commands တွေကိုပြန်ပြီးသုံးနဲ့ နည်းနည်းတော့ ကသီလင်တနိုင်တယ် အဲဒါနဲ့ Key တွေကို ပြန်ပြီးတော့ မြန်မာလိုတွေနဲ့လည်း အလုပ်လုပ်အောင် Map လုပ်ထားတော့ နည်းနည်းအဆင်ပြေပေမယ့် Mac မှာ Keymagic က နည်းနည်းပြဿနာရှိတယ် သူက Key တွေကို Re-Order ပြန်လုပ်ပေးတော့ Emacs ရဲ့ Key တွေနဲ့ နည်းနည်းငြိပြီး မြန်မာလိုရေးရင် Edit လုပ်တဲ့အခါမှာ Word တွေက Move ဖြစ်ပြီးတော့ စာတွေက ရှေ့ရောက်နောက်ရောက်နဲ့ ဂျာအေးသူ့အမေရိုက်နေတော့ မဖြစ်ခြေဘူးဆိုပြီး ကြံရဖန်ရပြန်တယ်။

Emacs မှာက တကယ်တော့ Input Methods တွေက OS အပေါ်မှာ မမှီခိုပါဘူး Emacs မှာပဲ သက်ဆိုင်ရာ Languages အတွက် Input Method ကို လုပ်ယူလို့ရပါတယ်။ အဲဒါနဲ့ ကိုယ့်ဟာကိုယ်ပဲ နည်းနည်းလက်တည့်စမ်းပြီး Myanmar အတွက်ဆိုပြီး Input Method လုပ်ကြည့်တယ် ခက်ခက်ခဲခဲလည်း မဟုတ်သေးပါဘူး Unicode ရဲ့ Order အတိုင်းပဲရိုက်ရင်ရတဲ့ Input Method ပဲရပါသေးတယ် Keymagic နဲ့ သုံးတာများလာတော့ မြန်စံရဲ့ လက်ကွက်နဲ့ တခုလုပ်လိုက်တယ် Myanmar3 နဲ့လည်း တခုလုပ်လိုက်တယ်။ Sequence အတိုင်းရိုက်တာက ကိုယ့်အတွက်က သိပ်ပြီးတော့ ထူးဆန်းလှတယ် မဟုတ်တော့ အရင်လို Key တွေငြိပြီး ရေးလက်စစာတွေ တောင်ရောက်မြောက်ရောက် ဖြစ်သွားတာထက်စာရင် အတော်အဆင်ပြေတယ်။ မြန်မာကီးဘုတ်တွေ လုပ်တဲ့လူတိုင်း ကြုံကြရတဲ့ Usability Issue တခုဖြစ်တဲ့ သဝေထိုးကို ရှေ့ကရိုက်ပြီး နောက်ပြန်ပို့ရတဲ့ ကိစ္စမျိုးတွေကတော့ အခုလုပ်ထားတဲ့ အခြေအနေမှာတော့ မရသေးပါဘူး မရနိုင်ဘူးမဟုတ်ပါဘူး ရပါတယ် ဘယ်တော့ရမလဲကတော့ ကိုယ်အားတဲ့အချိန် ဘယ်လောက်ရှိမလဲ အပေါ်ပဲမူတည်မယ်။

Repository

https://github.com/yelinkyaw/emacs-myanmar-input-methods

Add to .emacs

(require 'input-method-name)
(set-input-method 'input-method-name)

တကယ်သုံးကြမယ့် လူအရေအတွက် ဘယ်လောက်မှရှိမယ် မဟုတ်ပေမယ့် အသုံးတဲ့မယ့်လူရှိရင် သုံးလို့ရအောင် တင်ထားပေးတယ် Installation ကလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး elisp files တွေကိုကူးထည့် နည်းနည်းပိုမြန်ချင်ရင် Byte Compile လုပ်ပေါ့ မလုပ်လည်းသိပ်တော့ မထူးလှပါဘူး လက်ရှိက Key တွေပဲ Map လုပ်ထားတာပဲ ရှိသေးတော့ Code ရယ်လည်း ဘာမှမပါပါဘူး။ .emacs file မှာတော့ နည်းနည်းတော့ထည့်ရမယ် ပြီးရင်တော့ Input Method ပြောင်းပြီးတော့သုံးရုံပါပဲ။ အခုလိုသုံးတော့ ကောင်းတဲ့အချက်က ဘယ် OS ရယ် မမှီခိုပဲနဲ့ Emacs ဖြစ်တာနဲ့ Additional Keyboard Installation မလိုပဲနဲ့ သုံးလို့ရနေတာပဲ။ မကောင်းတာကတော့ Emacs ထဲကလွဲရင် တခြားမှာသုံးလို့မရတာပါ။ Usability အတွက်ကတော့ ဘယ်သူမှလုပ်ပေးမယ့်လူမရှိလို့ ကိုယ့်အတွက်ကိုယ်လုပ် ကိုယ်တိုင်ပဲသုံးဆိုတဲ့ အခြေအနေဖြစ်နေတော့ အနှေးနဲ့အမြန်ပဲကွာမှာ ဆက်ပြီးတော့ ရေးတာကတော့ ရေးဖြစ်မယ်ထင်ပါတယ် အလုပ်မအားပဲ Sequence အတိုင်းရေးတာ အကျင့်ဖြစ်သွားလို့ ပျင်းပြီးတော့ ဆက်မလုပ်ဖြစ်တာလည်း ဖြစ်နိုင်သေးတာပါပဲ။