Calm Hill My Random Thoughts

Myanmar Input Methods for Emacs on MELPA

ကိုယ်တိုင်သုံးနေတဲ့အတွက် တတ်နိုင်သလောက် ပြင်ရင်းပြင်ရင်းနဲ့ အတော်လေးသုံးလို့ ရလာတဲ့နောက်တော့ Emacs Input Methods လေးတွေကို MELPA မှာ ထည့်ထားဖို့ ကြိုးစားရတယ်။ MELPA မှာထည့်ဖို့က သိပ်တော့ ခက်ခက်ခဲခဲ မဟုတ်ပေမယ့် သူတို့လက်ခံမယ့် Standard ဖြစ်ဖို့တော့လိုတယ်။ ကိုယ့်ရဲ့အကျင့်က Document မရေးပဲနဲ့ Identifier Name တွေကို ဖတ်တာနဲ့ နားလည်အောင်ဆိုပြီး နာမည်အရှည်ကြီး ပေးလေ့ရှိတာပဲ MELPA မှာက Packages တွေမှာ Variable Name တွေ Clash ဖြစ်မှာစိုးတဲ့အတွက် Pre-fixed အဖြစ် Package Name ကို ထည့်ခိုင်းလေ့ရှိတော့ Varaibles နဲ့ Functions နာမည်တွေဟာ အတော်ကိုရှည်သွားတယ် ကုဒ်ကိုစစ်တဲ့လူတော့ နည်းနည်းတော့ ရူးချင်သွားမယ်ထင်တယ်။ ၃ ပါတ်လောက်တော့ စောင့်လိုက်ရတယ် အခုတော့ MELPA မှာပါလာပါပြီ package-list-packages ဆိုပြီး Packages စာရင်းထဲကနေ Install လုပ်လို့ရပါပြီ။

Package Name

myanmar-input-methods

Input Methods

Myanmar3 - (myanmar-myanmar3)
Myan San - (myanmar-myansan)
Yunghkio - (myanmar-yunghkio)

Add to .emacs

(require 'myanmar-input-methods)
(set-input-method 'input-method-name)

လက်ရှိ အနေအထားကတော့ မြန်မာစာအတွက် မြန်စံနဲ့ မြန်မာ၃ လက်ကွက်ရတယ် ရေးတာလည်း မြန်မာစာရေးတဲ့ Sequence အတိုင်းရေးလို့ရတယ် အထူးသဖြင့် သဝေထိုးကို ရှေ့ကရေးလို့ရပါတယ် အများအားဖြင့်တော့ မလိုအပ်ပဲ Auto Correct လုပ်မပေးပါဘူး ရေးချင်သလိုတော့ ရေးခွင့်ပေးပါတယ် တမင်မှားရေးတာ မဟုတ်နိုင်တဲ့ အက္ခရာဩ နဲ့ ဈ လောက်တော့ ပြင်ပေးထားတယ်။ ရှမ်းစာအတွက်က ယွန်းချိုလက်ကွက်ကို ထည့်ထားပေးတယ် ဒါပေမယ့် မူရင်းယွန်းချိုနဲ့ ချွတ်စွပ်တော့ မတူပါဘူး မူရင်းယွန်းချိုမှာက အသုံးများတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာလုံးတွေ တခါတည်းသုံးလို့ရအောင် Alt, Ctrl တွေနဲ့ သုံးလို့ရအောင် ထည့်ထားတာပါတယ် Emacs မှာက Key တွေပြန်ပြီး Map လုပ်ရမှာဖြစ်လို့ နည်းနည်းပြင်ထားတယ် Numeric Row မှာ ရှမ်းအက္ခရာတွေပဲ ထည့်ထားတယ် နောက်တခုက ပါဋ္ဌ်ဆင့်အတွက်နေရာမှာလည်း နည်းနည်းပြင်လိုက်ရတယ် f ကို ၂ ခါရေးရင် ပါဋ္ဌ်ဆင့်ရမယ် ကျန်တာတွေကတော့ အများအားဖြင့်တူပါတယ်။

ဘယ်သူမှမသုံးလည်း ကိုယ်တိုင်သုံးလို့ အတော်အဆင်ပြေနေတော့ အချိန်ကုန်ရကြိုးနပ်ပါ အချိန်အားရင်တော့ Config ထဲမှာ Default Keyboard Layout ကို ထည့်ထားရတာထက် လိုချင်တဲ့ Layout ကို ပြောင်းလို့လွယ်အောင်တော့ ထည့်ရဦးမယ် အဲဒါကသိပ်ပြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး ကိုယ့်အတွက်ကတော့ မြန်မာလိုပဲရေးတဲ့အတွက် မလိုအပ်ပေမယ့် တခြား Language တွေပါ သုံးချင်တယ်ဆိုရင်တော့ လိုအပ်ပါတယ်။ နောက်တခုကတော့ Ethnic Layouts တွေ တတ်နိုင်သလောက် ထည့်ပါဦးမယ် အခုကတော့ ရှမ်းစာအတွက် ယွန်းချိုပဲပါသေးတယ် Extend လုပ်ဖို့ကတော့ လွယ်ပါတယ် အချိန်အခုပဲ အခက်အခဲ ရှိပါလိမ့်မယ်။