Calm Hill My Random Thoughts

သမင်လည်ပြန်

စာရေးစရာ မရှိလို့ရယ်တော့ မဟုတ်ပါဘူး ရေးစရာရှိပြီး ရေးဖို့အချိန်မရှိ ဖြစ်နေတာနဲ့ Post အဆက်မပြတ်အောင် ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ မွှေနှောက်ရှာပြီး နည်းနည်းချင်း ရန်ဖန်ရန်ခါတင်ဖို့ စိတ်ကူးရတယ် အနည်းဆုံးတော့ Post အဆက်မပြတ်ဘူးပေါ့ စာရေးတာလည်း အချိန်ပေးရသလို ဓာတ်ပုံတပုံရဖို့ကလည်း အချိန်ပေးထားရတာဆိုတော့ အင်အားထုတ်ရတာချင်းက သိပ်ကွာခြားတယ် မဟုတ်ပါဘူး။ အရင်တခါ မန်းလေးပြန်ရောက်တော့ ကန်တော်ကြီးထဲက သမင်တောကိုရောက်တယ် လူမဟုတ်တဲ့ မော်ဒယ်ဟာ အတော်ခက်တယ် အနားကပ်သွားလိုက် ထွက်ပြေးသွားလိုက်နဲ့ ကိုယ်ရိုက်မယ်လုပ်ရင် တခြားကအသံကြားလို့ ထွက်ပြေးသွားလိုက်နဲ့ စိတ်ရှည်လက်ရှည် ထိုင်နေပြီးတော့မှ ကိုယ့်ကိုသမင်တွေ မကြောက်တော့တဲ့ အချိန်ကျမှပဲ ရိုက်လို့ရလိုက်တယ်။

A Glance