Calm Hill My Random Thoughts

Org-mode PDF Export Quality

Word Processor တွေဆိုတာ မသုံးဖြစ်တာကို နှစ်အတော်ကြာပြီ ဘာပဲရေးရေး Plain Text ပဲသိမ်းထားတယ် Formatting လိုချင်လွန်းမှ Markup နည်းနည်းသုံးတယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အချိန်ဇယားတွေ ကိုယ်ရဲ့မှတ်စုတွေ တိုလီထွာလီတွေကို Org-mode နဲ့မှတ်ထားတယ် Org-mode က Plain Text မှာ Markup နည်းနည်းပါတော့ စာရေးတဲ့အခါလည်း ခေါင်းစီးတွေ မာတိကာတွေနဲ့ Formatting လိုချင်ရင် အဆင်ပြေတယ် လိုချင်တဲ့ Format အတော်များများကို Export လုပ်ယူလို့ရတယ်။

Org-mode ကနေ PDF လိုချင်ရင် LaTeX ကနေတဆင့် PDF ထုတ်ပေးတယ် PDF ထုတ်တိုင်း ကသိကအောင့်ဖြစ်ရတာက ထွက်လာတဲ့ PDF ရဲ့ Quality ဟာ တော်တော်ဆိုးတယ် ဒါပေမယ့် ရုံးမှာရှိတဲ့ Windows စက်ပေါ်ကနေ Export လုပ်ယူရင်ကျတော့ Quality က ကောင်းနေပြန်တော့ နည်းနည်းစဉ်းစားရခက်တယ်။ ဖြစ်နိုင်တာက Mac မှာသုံးထားတဲ့ TeX ကြောင့်ပဲလို့တော့သိတယ် ဘယ်နားက ဖြစ်နေမှန်းမသိဘူး နောက်မှ သတိထားမိတာက အိမ်မှာသုံးတဲ့စက်က Storage ကို ခြွေတာဖိုလိုတာနဲ့ Minimum Installation ပဲသုံးပြီးတော့ လိုအပ်တဲ့ Package တွေပဲ လိုက်ထည့်ထားမိတာ။

ရှာဖွေပြီး လိုက်ဖတ်ကြည့်တော့ Org-mode က ထုတ်ပေးလိုက်တဲ့ LaTeX မှာသုံးထားတဲ့ Packages တွေမှာသုံးတဲ့ Fonts တွေက Minimum Installation လုပ်ထားတဲ့ Mac ပေါ်က TeX မှာမပါလာဘူး အဲဒါကြောင့် Bitmap Fonts တွေအစားထိုးပြီးတော့ PDF ကို ထုတ်ပေးနေတဲ့အတွက Quality ဟာ စက္ကူပေါ်မှာ Print လုပ်ရင် မသိသာပေမယ့် Screen ပေါ်မှာတော့ Zoom လုပ်ရင် အတော်လေးဆိုးဝါးနေတဲ့ အခြေအနေနဲ့ ထွက်နေတာပါ။

Org-mode ကထွက်လာတဲ့ LaTeX ဖိုင်ထဲမှာ Times/Helvetica/Courier ကိုသုံးဖို့အတွက် pslatex လို ဒါမှမဟုတ် times လို package တွေသုံးဖို့ Manually ကြေငြာပေးပြီးတော့ Compile လုပ်ရင်တော့ အဆင်ပြေတယ် ဒါပေမယ့် Org-mode ကထွက်လာတိုင်း သွားပြင်နေရရင်လည်း သိပ်အဆင်မပြေဘူး Org-mode ရဲ့ Template တွေကို သွားပြင်ပြန်တော့လည်း Org-mode ကို Upgrade လုပ်လိုက်တိုင်း အခါခါပြင်နေရမယ် လိုက်ရှာကြည့်တော့ Org-mode ရဲ့ Header တွေထဲမှာ Export လုပ်ရင် LaTeX အတွက် ထည့်ပေးချင်တဲ့ Header တွေကို ထည့်ပေးလို့ရတာတွေ့တော့ အဆင်ပြေသွားပါတယ်။

#+LaTeX_HEADER: \usepackage{pslatex}

အောက်မှာပြထားတဲ့ပုံမှာ PostScript Fonts နဲ့ Bitmap သုံးထားတဲ့ PDF တွေရဲ့ ကွာခြားချက်ကို ပြထားပါတယ်။

PDF Quality