Calm Hill My Random Thoughts

Butter Chicken

ရန်ကုန်မှာရောက်နေတုံး ကိုယ်တိုင်ကိုယ်ကျ ချက်စားနေရတယ် လူကလည်းငပျင်းဆိုတော့ ဘယ်လိုပျင်းရမလဲ အမြဲစဉ်းစားတယ် ဟင်းအိုးဘေးမှာ ထိုင်မနေချင်တော့ Slow Cooker တလုံးဝယ်ထားပြီး ဘာဟင်းချက်ချက် Slow Cooker နဲ့ချက်လို့ရလား စမ်းချက်ကြည့်နေတယ်။ အင်တာနက်တခွင် ပြဲပြပဲစင်အောင် ဟင်းချက်နည်းတွေ လိုက်ကြည့်နေပြီးတော့ အိန္ဒိယစာတွေကြည့်ရင်း Butter Chicken စားချင်လာတာနဲ့ Slow Cooker နဲ့ စမ်းသပ်ပြီးတော့ ချက်ကြည့်လိုက်တာ အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သားရင်အုပ်သား
  2. ကြက်သွန်နီ
  3. ကြက်သွန်ဖြူ
  4. ဂျင်း
  5. ခရမ်းချဉ်သီး
  6. နံနံစေ့အမှုန့်
  7. သစ်ကြမ်းပိုး
  8. ငြုပ်ကောင်း
  9. လေးညှင်းပွင့်နည်းနည်း
  10. ငရုပ်သီးမှုန့်
  11. ဆား
  12. ဒိန်ချဉ်
  13. ပျားရည်
  14. နံနံပင်
  15. ထောပတ်

ကြက်သွန်နီကို ပါးပါးလှီးပြီးတော့ ဆီလေးတဇွန်းလောက်နဲ့ ပျော့သွားအောင်ကြော်ပါ ကျွတ်လာတဲ့အထိ ကြော်စရာမလိုပါဘူး ပြီးရင်တော့ ကြက်သွန်တွေကို Slow Cooker ထဲကိုထည့်ပါ။ ကြက်သားကို အတုံးသေးသေး တုံးထားတာထည့်ပါ ခရမ်းချဉ်သီးကို ကြိတ်ရင်ကြိတ် မကြိတ်နိုင်ရင်တော့ သေးသေးလှီးထည့်ပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကိုထောင်းပြီးထည့် ကိုယ်ကတော့ ငရုတ်ဆုံမရှိတာနဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကိုစဉ်းပြီးတော့ ထည့်လိုက်ရတယ်။ နံနံစေ့၊ သစ်ကြမ်းပိုး၊ ငြုပ်ကောင်း၊ လေးညှင်း၊ ဆား၊ ငရုတ်သီးမှုန့်တွေ ထည့်ပြီးတော့ သမအောင်မွှေပါ ပြီးရင်တော့ Low Heat နဲ့ဆိုရင် ၄ နာရီလောက် High Heat နဲ့ဆိုရင် ၂ နာရီလောက် တည်ထားလိုက်ရင် ကြက်သားနူးပါတယ်။

Butter Chicken

Butter Chicken

ငရုပ်သီးမှုန်နဲ့ ခရမ်းချဉ်သီး ကောင်းမယ်ဆိုရင် ဟင်းအနှစ်ဟာ အနီရောင်ဖြစ်လာပါလိမ့်မယ် ကြက်သားနူးပြီဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ ဒိန်ချဉ်ကိုထည့် ပျားရည်တဇွန်းလောက်ထည့် ထောပတ်လေး နည်းနည်းထည့် နံနံပင်လေးထည့်ပြီး သမအောင်မွှေပေးလိုက်ရင် အနီရောင်ဖြစ်နေတဲ့ ဟင်းအနှစ်တွေက ဒိန်ချဉ်အဖြူရောင်ကြောင့် လိမ္မော်ရောင်လေး ဖြစ်လာပါလိမ့်မယ် ထမင်းလေးနဲ့ဖြစ်ဖြစ် ပေါင်မုန့်နဲ့ဖြစ်ဖြစ် နံပြားနဲ့ဖြစ်ဖြစ် စားလို့အဆင်ပြေတဲ့ ချက်ရတာလည်းလွယ်တဲ့ Butter Chicken ရပါပြီ။

Butter Chicken

Butter Chicken

References

  • Slow Cooker Butter Chicken Curry - https://www.youtube.com/watch?v=MB1NhMxCf4c
  • Butter Chicken Recipe | Jamie & Maunika - https://www.youtube.com/watch?v=JKs-cRneTyE