Calm Hill My Random Thoughts

၂၀၁၇ စာညွှန်း

၂၀၁၈ ကိုလည်း ရောက်ပြီဖြစ်တော့ ၂၀၁၇ မှာ ဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားရင်းနဲ့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို စာရင်းပြန်လုပ်ပြီး အပျော်ဖတ်တွေရယ် အလုပ်နဲ့ဆိုင်တဲ့ Technical စာအုပ်တွေရယ်ကို ဖယ်လိုက်ပြီးတော့ သဘောကျတဲ့ တချို့တဝက်ကို ရွေးလိုက်တော့ ၆ အုပ်ထွက်လာတယ်။ တအုပ်ချင်းစီအတွက် Reviews တော့မရေးတော့ဘူး ကိုယ့်စိတ်နဲ့ကိုက်လို့ သဘောကျပေမယ့် သူများနဲ့က အဆင်ပြေချင်မှ ပြေတာမဟုတ်လား။

Reviews ရေးကြတဲ့လူတွေ ပြောလေ့ရှိသလိုမျိုး ဒီစာအုပ်ကို ဖတ်လိုက်ရလို့ ကိုယ့်ဘဝတခုလုံး ပြောင်းသွားတယ်တို့ စသည်ဖြင့်လည်း မပြောပါဘူး ဘဝတခုလုံး ပြောင်းနိုင်တဲ့ စာအုပ်ဆိုတာက လောကမှာ မရှိဘူးလို့ပဲ လက်ခံထားပါတယ်။ စာအုပ်တအုပ်က ပြောင်းလဲမပေးနိုင်ပေမယ့် စာအုပ်အများကြီးဆိုရင်တော့ အတွေးအခေါ် အယူအဆတွေ တဖြည်းဖြည်းနဲ့ ပြောင်းသွားနိုင်တယ်လို့ လက်ခံထားတာလောက်ပဲ ရှိပါတယ်။

စာအုပ်စာရင်းကတော့ အောက်မှာပြထားပါတယ် အချိန်ရလို့ စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်လို့ရပါတယ် ကိုယ်နဲ့မကိုက်လို့ သိပ်အကျိုးမရှိတောင် အချိန်ပေးလိုက်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စာအုပ်မျိုးတွေ မဟုတ်ပါဘူး ဆိုတာမျိုးကတော့ အာမခံလို့ရပါတယ်။

  1. The Righteous Mind: Why Good People are Divided by Politics and Religion by Jonathan Haidt
  2. Against Empathy: The Case for Rational Compassion by Paul Bloom
  3. Just Babies: The Origins of Good and Evil by Paul Bloom
  4. The Death of Expertise: The Campaign Against Established Knowledge and Why It Matters by Tom Nichols
  5. A Colony in a Nation by Chris Hayes
  6. Twitter and Tear Gas: The Power and Fragility of Networked Protest by Zeynep Tufekci