Calm Hill My Random Thoughts

၂၀၁၉ စာညွှန်း

အရင်နှစ်က ခရီးသွားနေတာရယ် မအားတာနဲ့ရယ် မေ့နေတာနဲ့ရယ် စာအုပ်အညွှန်း မရေးဖြစ်လိုက်ဘူး ဒီနှစ်တော့ဖြင့် မေ့မသွားအောင် ကြိုပြီးရေးထားပါတယ်။ ပြောနေကျစကားကို ပြန်ပြောရမယ်ဆိုရင် ဘယ်စာအုပ်ကို ဖတ်လိုက်လို့တော့ဖြင့် ဘဝတခုလုံးဖြင့် ပြောင်းသွားတယ် ဆိုတာမျိုးလည်း ပြောလေ့မရှိပါဘူး။ စာအုပ်တအုပ်က ပြောင်းလဲမပေးနိုင်ပေမယ့် စာအုပ်အများကြီးဆိုရင်တော့ အတွေးအခေါ် အယူအဆတွေ တဖြည်းဖြည်းနဲ့ ပြောင်းသွားနိုင်တယ်လို့ လက်ခံထားတာလောက်ပဲ ရှိပါတယ်။

Technical စာအုပ်တွေဖယ်ပြီး ကျန်တဲ့စာအုပ်တွေထဲက ရွေးလိုက်တော့ စာအုပ်အညွှန်းအဖြစ်နဲ့ စာအုပ် ၇ အုပ် ရွေးလို့ရလာတယ်။ အချိန်ရလို့ စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်လို့ရပါတယ် စာရင်းကိုတော့ အောက်မှပြထားပါတယ်။ ကိုယ်နဲ့မကိုက်လို့ သိပ်အကျိုးမရှိတောင် အချိန်ပေးလိုက်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စာအုပ်မျိုးတွေ မဟုတ်ပါဘူး ဆိုတာမျိုးတော့ အာမခံနိုင်ပါတယ်။

  1. Manufacturing Consent: The Political Economy of the Mass Media by Noam Chomsky
  2. Capitalism without Capital: The Rise of the Intangible Economy by Jonathan Haskel
  3. Cannibals and Kings: Origins of Cultures by Marvin Harris
  4. The World Until Yesterday: What Can We Learn from Traditional Societies? by Jared Diamond
  5. Against the Grain: A Deep History of the Earliest States by James C. Scott
  6. The Art Of Not Being Governed: An Anarchist History Of Upland Southeast Asia by James C. Scott
  7. The Hidden History of Burma: Race, Capitalism, and the Crisis of Democracy in the 21st Century by Thant Myint-U