Calm Hill My Random Thoughts

၂၀၂၀ စာညွှန်း

၂၀၂၀ ဟာ အတော်ကမောက်ကမနိုင်တဲ့ နှစ်တနှစ်လို့ပဲပြောရမယ် တနှစ်လုံးနီးနီး အိမ်ကနေအလုပ်လုပ်လိုက်ရတယ် အိမ်မှာနေတော့ အချိန်ပိုရတယ်ထင်ရပေမယ့် တကယ်တမ်းနှစ်ကုန်လို့ စာရင်းပြန်ချုပ်လိုက်တော့ အရင်နှစ်တွေလောက် စာမဖတ်ဖြစ်ပဲ မှန်းချက်နဲ့နှမ်းထွက် မကိုက်တာတွေ့ရတယ်။ ပုံမှန်ရုံးသွားနေစဉ်က ရထားစီးချိန်တွေက ဘာမှလုပ်စရာမရှိလို့ စာဖတ်ပြီးလိုက်သွားတော့ အသွားအပြန်အနည်းဆုံး တနာရီခွဲလောက်တော့ စာဖတ်ချိန်ရတော့ သတ်သတ်မှတ်မှတ် ဖတ်ချိန်ရတော့ ပိုဖတ်ဖြစ်တယ်။ အိမ်မှာနေအလုပ်လုပ်တော့ မနက်ဆိုလည်း ၉ နာရီလောက်မှနိုးတယ် မျက်နှာသစ် သွားတိုက် အစာစား အလုပ်လုပ်ဆိုတော့ အလုပ်နဲ့သက်ဆိုင်တဲ့ စာတွေကလွဲရင် မဖတ်ဖြစ်သလောက် ဖြစ်သွားတာ သတိထားမိတယ်။ ဒီနှစ်အတွက်ကတော့ အရင်လိုအများကြီးထဲက ရွေးထုတ်တာမျိုးမဟုတ်ပဲ အရေအတွက် နည်းနည်းထဲကပဲ ပြန်ရွေးရပါတယ်။ ထုံးစံအတိုင်း စကားနဲ့ပြောရရင် သူ့အကြိုက်ကိုယ့်အကြိုက် တူတယ်မဟုတ်ဘူး အကျိုးမရှိတဲ့စာမျိုးတော့ မဟုတ်ဘူးလို့ပဲပြောပြီး ၂၀၂၀ စာအညွှန်းကိုရေးပါတယ် စာအုပ်စာရင်းကို အောက်မှာကြည့်ပါ။

  1. A Theory of Justice by John Rawls
  2. Uninformed: Why People Seem to Know So Little about Politics and What We Can Do about It by Arthur Lupia
  3. Moral Tribes: Emotion, Reason, and the Gap Between Us and Them by Joshua Greene
  4. Propaganda and the Public Mind by Noam Chomsky
  5. Letters to a New Developer: What I Wish I Had Known When Starting My Development Career by Dan Moore