Calm Hill My Random Thoughts

Shadowsocks with V2Ray Plugin

ပါလီမန်ခေတ် ပြည်တော်သာစီမံကိန်း လုပ်စဉ်က လူတယောက် အိမ်တလုံး ကားတစီး ပိုင်ရမယ် ဆိုတဲ့ Slogan မျိုး သွားသတိရလို့ အခုခေတ်ကတော့ လူတယောက် VPN Server တလုံး အနည်းဆုံးပိုင်ရမယ် ဆိုတာမျိုး ဖြစ်နေပြီထင်ပါတယ်။ ကိုယ့်ဟာကိုယ် မိသားစုသုံးဖို့ …

၂၀၂၀ စာညွှန်း

တနှစ်လုံးနီးနီး အိမ်ကနေအလုပ်လုပ်လိုက်ရတယ် အိမ်မှာနေတော့ အချိန်ပိုရတယ်ထင်ရပေမယ့် တကယ်တမ်းနှစ်ကုန်လို့ စာရင်းပြန်ချုပ်လိုက်တော့ အရင်နှစ်တွေလောက် စာမဖတ်ဖြစ်ပဲ မှန်းချက်နဲ့နှမ်းထွက် မကိုက်တာတွေ့ရတယ် …

အိမ်တွင်းဖြစ် မုန်ညင်းချဉ်

ရှမ်းပြည်မှာရောက်နေတဲ့ သူငယ်ချင်းတယောက်ကို ငါ့ကိုမုန်ညင်းချဉ်လုပ်နည်း ရှာပေးဦးဆိုပြီး လည်ပင်းညှစ်ပြီးတော့ အကူအညီတောင်းရတယ်။ သူငယ်ချင်းဖြစ်သူကလည်း ငါ့အမေလုပ်တာတော့ ငယ်တုံးကတော့ ကူပေးဖူးတယ် ဘာတွေထည့်လဲ ငါမမှတ်မိတော့ဘူးဆိုပြီး ရှာလို့ဖွေလို့ရတဲ့ ရှမ်းဟင်းချက်နည်း စာအုပ်ထဲကနေ …

Homemade Yogurt

ထမင်းဟင်းချက်တာသာ Youtube ကြည့်ပြီး ကိုယ်ချက်တာကိုယ် မကြောက်မရွံ့စားရဲပေမယ် ဒိန်ချဉ်လိုဟာကျတော့ အခန့်မသင့်ရင် ဆေးခန်းရောက်နိုင်တော့ နည်းနည်းတော့ စားရမှာကြောက်မိတယ်။ ညီမဖြစ်သူရဲ့ရုံးမှာ …

နည်းနည်းလေးတော့လွဲနေမယ် (၄)

အဖေရှိစဉ်က ငါ့သား… မိန်းမတွေထဲမှာ ဆရာဝန်၊ သူနာပြု၊ တရားသူကြီး၊ ရှေ့နေနဲ့ ကျောင်းဆရာမတော့ မင်းသတိထားကွ ဆရာဝန်မနဲ့ သူနာပြုဆိုတာက တရက်တရက် ရောဂါဖြစ်မယ်ပဲ ဆက်စပ်တွေးပြီး စိတ်ထဲရှိတာကွ တသက်လုံး ဟိုဟာမစားရ ဒီဟာမစားရ အငတ်ခံနိုင်မလား …